DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားမြို့က ထောင်ချီရှိသည့် စစ်ပြေးဒုက္ခသည်များကို အစိုးရ လျစ်လျူရှုထား
DVB
·
August 5, 2011
မြစ်ကြီးနားမြို့က ထောင်ချီရှိသည့် စစ်ပြေးဒုက္ခသည်များကို အစိုးရ လျစ်လျူရှုထား
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို စစ်ပြေးဒုက္ခသည်တွေ တစထက်တစ တိုးပြီး ရောက်ရှိ လာပေမယ့် ပြည်နယ်အစိုးရနဲ့ အာဏာပိုင်တွေဘက်ကတော့ ကူညီထောက်ပံ့တာ မရှိဘဲ လျစ်လျူရှုခံနေရပါတယ်။

[caption id="attachment_13768" align="alignleft" width="310" caption=" လိုင်ဇာဌာနချုပ်ရောက် စစ်ပြေးဒုက္ခသည်များ"][/caption]

အခုလောလောဆယ် စစ်ပြေးဒုက္ခသည် ၂ဝဝဝ ကျော်ကို မြစ်ကြီးနားမြို့မှာရှိတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာ လက်ခံထားပြီး ရန်ပုံငွေကို ကျောင်းအသင်းဝင်တွေနဲ့ သူတို့ မိသားစုတွေကသာ အလှူငွေ ထည့်ဝင်ပြီး ကျွေးမွေးစောင့်ရှောက် ပေးနေရတယ်လို့ မြစ်ကြီးနား ဒေသခံတဦးက ပြောပါတယ်။

 

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ မြန်မာအစိုးရ စစ်တပ်တွေ အကြား ဇွန်လဆန်းပိုင်းက စလို့ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ရာ စစ်ဖြစ်ရာ ဒေသအတွင်းက ကျေးရွာသားတွေဟာ ကေအိုင်အေ ထိန်းချုပ်ရာ လိုင်ဇာနဲ့ တရုတ် နယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရ သလို အချို့ကတော့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်တွေဘက်ကို ထွက်ပြေး တိမ်းရှောင်နေရတာပါ။

ကေအိုင်အေ ထိန်းချုပ်ရာ ဒေသတွေဘက်ရောက်ရှိသွားတဲ့ ဒုက္ခသည်တွေကို ကေအိုင်အေအဖွဲ့က ထောက်ပံ့ကူညီ စောင့်ရှောက်ထားနိုင်ပေမယ့် မြို့ပေါ်ကို ရှောင်တိမ်းတဲ့ ဒုက္ခသည်တွေကတော့ အစိုးရရဲ့ ထောက်ပံ့ကူညီမှု မရဘဲ ဖြစ်နေတယ်လို့ မြစ်ကြီးနား မြို့ခံက ပြောပါတယ်။

“ဒုက္ခသည်က နှစ်ထောင်ကျော်သွားပြီ ပြောတယ်။ မြစ်ကြီးနား တမြို့တည်းမှာပဲ။ ဝိုင်းမှော်ဒုက္ခသည် စခန်းတွေမှာလည်း တထောင်ကျော်လောက် ရှိတယ်။ ဒုက္ခသည်လည်း ရောက်တာက တလနီးနီး လောက်ရှိလာပြီ။ ဒါပေမယ့် အခုထိ အစိုးရလူကြီးတွေ လာကြည့်တာလည်း မရှိသေးဘူး။ အစိုးရဘက်က ကူညီထောက်ပံ့တာလည်း မရှိဘူး။ မြို့နယ်အုပ်ချုပ်ရေးရုံးကလည်း ကူညီ ထောက်ပံ့တာ မရှိဘူး။ ဆန်တအိတ်နှစ်အိတ် လာပေးတာလည်း မရှိဘူး၊ ဆားတပိဿာ၊ နွစ္ပိဿာ လာပေးတာလည်း မရှိဘူး။

ဒုက္ခသည် နေရာချထားတဲ့ နေရာတွေမှာ ကျပ်ညှပ်နေထိုင်ရပြီး ဆေးဝါး မလုံလောက်မှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခက်အခဲ၊ နေရာထိုင်ခင်း အခက်အခဲ၊ စားသောက်ရေး အခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ဒုက္ခသည်တွေ အနေနဲ့ ရေရှည်မှာ ကျန်းမာရေး ထိခိုက်မှုတွေ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013