ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ (ဓာတ်ပုံ)
DVB
·
February 29, 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို နေပြည်တော် စည်ပင်ဝင်း စားရိပ်သာ အဆောင် ၄ မှာ ကျင်းပနေပါတယ်။
တွေ့ဆုံပွဲကို ဒီကနေ့ ညနေ ၅ နာရီမှာ စတင်ခဲ့ပြီး အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ အမျိုးသားလွှတ်တော် ဒု -ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်နဲ့တကွ တိုင်းရင်းသားပါတီပေါင်းစုံက ကိုယ်စားလှယ်တွေပါ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်နေပါတယ်။