DVB Logo
Home
မြန်မာသတင်း
မှိုင်းလုံးကြီးချောင်း ရေကြီးမှု ဒုက္ခသည်စခန်းနှစ်ခု အဆောက်အဦအချို့ ပျက်စီး
DVB
·
August 5, 2011
မှိုင်းလုံးကြီးချောင်း ရေကြီးမှု ဒုက္ခသည်စခန်းနှစ်ခု အဆောက်အဦအချို့ ပျက်စီး
1 / 5
Donate to DVB

မှိုင်းလုံးကြီးချောင်း ရေကြီးမှုကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ရာမိုနဲ့ မယ်လအူး ဒုက္ခသည်စခန်းတွေ ရေနစ်မြုပ်ပြီး နေအိမ်အဆောက်အဦတချို့ အတော်များများ ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

[caption id="attachment_13762" align="alignleft" width="310" caption="(ဓာတ်ပုံ - Mae La Oo relief Team)"][/caption]

အခုလဆန်း ၁ ရက်နေ့ကစပြီး မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် မှိုင်းလုံးကြီး (ခေါ်) မယ်စရင်းယမ်းချောင်း ရေးကြီးတဲ့အတွက် ချောင်းနံဘေးမှာ အခြေချထားတဲ့ မယ်ရာမိုနဲ့မယ်လအူး ဒုက္ခသည်စခန်းနှစ်ခု ရေကြီးပြီး ပျက်စီးခဲ့တာပါ။

အခုလ ၂ ၇က်နေ့ကစပြီး ချောင်းရေတက်လာတာကြာင့် မယ်ရာမို ဒုက္ခသည် စခန်းက ရပ်ကွက် ၇ ခု ရေကြီးခဲ့ပြီး  အစားအသောက် သိုလှောင်ထားတဲ့ ဂိုဒေါင်တချို့ နဲ့ နေအိမ် အတော်များများလည်း ပျက်စီးကုန်တယ်လို့ မယ်ရာမို ဒုက္ခသည်စခန်းက  ကျောင်းဆရာ စောဆာလယ်က  ပြောပါတယ်။

“မယ်ရာမို ဒုက္ခသည် စခန်းမှာ ရေကြီးမှု ဖြစ်တာ တချို့ ပြိုတာလည်း ရှိတယ်။ မပြိုတာလည်း ရှိတယ်။ ရပ်ကွက်ပေါ်မှာလည်း တရွာလုံး မြုပ်ကာနီးပဲ။ ပေါင်နားအထိ ရှိတယ်။ နောက်ပြီးတော့ ဂိုဒေါင်လည်း ပြိုတယ်။ အစားအသောက် ထားလို့မရဘူး။ နေအိမ် တရာကျော်ကျော်လောက် ပျက်စီးတယ်။ တချို့ကတော့ အမိုးလည်း မရှိဘူး။ အကာလည်း မရှိဘူး ဖြစ်နေတယ်လေ။ သူတို့ဘာသာသူတို့ စီမံပြီးတော့ သိတဲ့နေရာတွေမှာ ခိုနားနေတယ်။ ဘုရားကျောင်းတွေမှာလည်း ရှိတယ်။ စာသင်ကျောင်းတွေမှာ တက်နေတာတွေလည်း ရှိတယ်။”

ပျက်စီးသွားတဲ့ ဂိုဒေါင်တွေထဲက မပျက်မစီးဘဲ ကျန်ရှိတဲ့ ရိက္ခာတွေကို  တာဝန်ရှိသူတွေနဲ့ ဒုက္ခသည်တွေက ပြန်လည်သယ်ယူပြီး ဒီနေ့ ပေးဝေလိုက်တဲ့ အတွက် လာမယ့်လတွေမှာ ရိက္ခာရရှိမှုအတွက် တာဝန်ရှိသူတွေ ဘယ်လို စီစဉ်မလဲ ဆိုတာ မသိရသေးပါဘူး။

[caption id="attachment_13758" align="alignright" width="310" caption="(ဓာတ်ပုံ - Mae La Oo relief Team)"][/caption]

ရေကြီးမှုကြောင့် စခန်းတွင်း လမ်းတံတားတွေ ပျက်စီးကုန်တဲ့အတွက်  အခုလ ၃ ရက်နေ့ကစပြီး ကျောင်းအားလုံး ပိတ်ထားရသလို ဘယ်နေ့ ပြန်ဖွင့်မလဲဆိုတာကို မသိရသေးဘူးလို့လည်း  ဆရာစောဆာလယ်က ပြောပါတယ်။

“ကျောင်းတွေလည်း ပိတ်ထားတယ်လေ။ ကူးလာစရာလည်း တံတား မရှိဘူး။ တံတားလည်း ပြိုတယ်လေ။ ကျောင်းက ၃ ရက်နေ့ ကစပိတ်တယ်။ အထက်တာဝန်ရှိသူတွေက ကျောင်းပိတ်ခိုင်းတာပဲ ရှိသေးတယ်။ ကျောင်း ပြန်ဖွင့်တာ မပြောသေးဘူးလေ။”

အလားတူ မယ်ရာမို ဒုက္ခသည်စခန်းရဲ့ အောက်ဘက်မှာရှိတဲ့ မယ်လအူး ဒုက္ခသည်း စခန်းမှာလည်း ရေကြီးမှုကြောင့် ဘုရားကျောင်းတွေနဲ့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ စခန်း ဥက္ကဋ္ဌ စောကော်ဝါးက ပြောပါတယ်။

မိုးအဆက်မပျက် ရွာသွန်းမှုတွေကြောင့် တောင်ကြောတွေမှာ နေအိမ် တည်ဆောက်ထားတဲ့ ဒုက္ခသည်တွေအနေနဲ့ မြေပြိုမှု ဖြစ်မှာကိုလည်း စိုးရိမ်နေရတယ်လို့ စောကော်ဝါးက ပြောပါတယ်။

“ဘုရားကျောင်းတခုကတော့ ရေထဲမျောပါသွားတယ်။ နောက် တကျောင်းကတော့ ရေတိုက်စားမှုကြောင့် ခြေတံပျက်သွားတယ်။ လူနေအိမ်တွေက ၉ လုံး ပျက်သွားတယ်။  အခု မယ်စရီယမ်းမြို့ကနေ  မယ်ရာမို၊ မယ်လဦးကို လာတဲ့လမ်းလည်း အကုန်ပျက်စီးကုန်တယ်။ သွားလာလို့ မရဘူး။ ကျနော်တို့စခန်းတွေမှာလည်း လမ်းတွေ တချို့က ရေတိုက်စားပြီး၊ တချို့ကတော့ မြေပြိုလို့ လမ်းတွေ ဖုံးကုန်တာဖြစ်တယ်။ စိုးရိမ်စရာဖြစ်တာက မြေပြိုမှုတွေကြောင့် အခုထိ အိမ်တွေပျက်စီးတာမရှိသေးပေမယ့် နေရာအတော်တော်များများ ဒီထက်မိုးရွာရင် မြေပြိုင်နိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။”

[caption id="attachment_13761" align="alignleft" width="320" caption="(ဓာတ်ပုံ - Mae La Oo relief Team)"][/caption]

ပျက်စီးမှု အခြေအနေတွေကို စခန်းတာဝန်ရှိသူတွေ စားရင်ပြုစုပြီး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေကို တင်ပြသွားမယ်လို့ ပြောပါတယ်။

ရေကြီးမှုကြောင့် စခန်းနှစ်ခုလုံးမှာ ထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ သိရပါတယ်။ မနေ့က ရေအနည်းငယ် ကျသွားပေမယ့် တချို့နေရာတွေမှာ ရေတင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့  ၁၉၉၅ ခုနှစ်တုန်းကလည်း ရေကြီးခဲ့ပေမယ့် ပျက်စီးမှု ဒီလောက် မရှိသလို ရေကြီးမှုကလည်း မဆိုးဝါးဘူးလို့ ကျောင်းဆရာ စောဆာလယ်က ပြောပါတယ်။

မယ်ရာမို ဒုက္ခသည် စခန်းကို ၁၉၉၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး လက်ရှိမှာ လူဦးရေ ၂ သောင်းခန့် နေထိုင်ပါတယ်။ မယ်လအူးဒုက္ခသည် စခန်းကတော့ ၂၀၀၄ ခုနှစ်မှာ စလယာယီခိုလှုံရေးစခန်းကနေ ဒီနေရာကို ပြောင်းလာတာ ဖြစ်ပြီး လက်ရှိ လူဦးရေ တသောင်းငါးထောင်ကျော် နေထိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013