A d v e r t i s e m e n t With Us

သရုပ်​ဖော် ပန်း​ချီဆရာ ​မောင်​မောင်သိုက် ကွယ်လွန်

သရုပ်​ဖော်ပန်း​ချီဆရာ ​မောင်​မောင်သိုက် အသက် ၆၆ နှစ်ဟာ ရန်ကုန်မြို့​က ​ရွှေဗဟို​ဆေး​ခန်း​မှာ အသည်း​ကင်ဆာ​ရောဂါနဲ့​ ဒီက​နေ့​ ကွယ်လွန်သွား​ပါတယ်။ ပန်း​ချီ​မောင်​မောင်သိုက်ဟာ စာနယ်ဇင်း​နဲ့​ ​မေတ္တာဘွဲ့​လုံး​ချင်း​ဝတ္ထု​တွေမှာ သရုပ်​ဖော်ပန်း​ချီ​တွေကို ကွယ်လွန်ချိန်ထိ ဘဝတ​လျှောက်လုံး​ ​ရေး​ဆွဲခဲ့​သူတဦး​ဖြစ်ပါတယ်။ အထူး​သဖြင့်​ မိန်မလှ​တွေ သရုပ်​ဖော်ပုံ​ရေး​ဆွဲတဲ့​နေရာမှာ ထူး​ချွန်​ကောင်း​မွန်တဲ့​ ပန်း​ချီဆရာတဦး​ဖြစ်တယ်လို့​ အလင်း​တန်း​ဂျာနယ်နဲ့​ ​ရွှေအမြု​တေ မဂ္ဂဇင်း​ အယ်ဒီတာချုပ် ဦး​ဝင်း​ငြိမ်း​က ​ပြောပါတယ်။ ပန်း​ချီ​မောင်​မောင်သိုက်ကို ၁၉၄၆ ခုနှစ် ​မေလ ၁၆ရက် ကြာသပ​တေး​နေ့​မှာ အဘ-ပန်း​တိမ်ဆရာကြီး​ ဦး​လွင်၊​ အမိ ​ဒေါ်မြညွန့်​တို့​က ရန်ကုန်မြို့​ မှာ ​မွေး​ဖွား​ခဲ့​ပြီး​ ​မွေး​ချင်း​ငါး​ဦး​အနက် အငယ်ဆုံး​သား​ဖြစ်ပါတယ်။ ပန်း​ချီပညာကို ဖခင်ထံမှရယူပြီး​ ကိုယ်တိုင်လည်း​ ပုံတူ​ရေး​ဆွဲ ​လေ့​ကျင့်​ခဲ့​သူဖြစ်ပါတယ်။ ပန်း​ချီ​ကျောင်း​တက်ဖူး​ခြင်း​ မရှိပါဘူး​။ ကွယ်လွန်ချိန်မှာ သား​တဦး​၊​ သမီး​တဦး​ ကျန်ရစ်ပါတယ်။ ဇနီး​ဖြစ်သူက​တော့​ လွန်ခဲ့​တဲ့​ ၁၂ နှစ်ကတည်း​က ကွယ်လွန်ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up