ဒလမြို့ မြေစိုက်ရေကန်များ ယခင်နှစ်ထက်စောပြီး ခန်းစပြု

ရန်ကုန်မြို့ရဲ့တဖက်ကမ်းမှာရှိနေတဲ့ ဒလမြို့နယ်မှာ ဒီနှစ်ရာသီဥတုရဲ့အပူရှိန် ပြင်းထန်မှုကြောင့် အရင်နှစ်တွေကထက်စောပြီး မြေစိုက်ရေကန်တွေထဲမှာ ရေတွေခန်းစပြုလာ တယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင် ဒလမဲဆန္ဒနယ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင် က ဒီဗွီဘီကိုပြောပါတယ်။ ပြီးခဲ့တဲ့အရင်နှစ်တွေက ဧပြီလရောက်မှ မြေစိုက်ရေကန်ထဲကရေတွေ ခန်းလေ့ရှိပေမယ့် ဒီနှစ်တော့ မတ်လမကုန်ခင် ရေကန်ထဲကရေတွေအားလုံး ခန်းခြောက်သွားနိုင်တဲ့ အနေအထားနဲ့ ကြုံလာနိုင်တာကြောင့် ဒလမြို့ခံပြည်သူတွေက ရေအခက်အခဲတွေနဲ့ ပိုကြုံတွေ့လာမှာကို စိုးရိမ်နေကြပါတယ်။ ဒလမြို့နယ်မှာ ရပ်ကွက်ပေါင်း ၂၃ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၅၅ ရွာရှိပြီး မြေစိုက်ရေကန် ၃၂၄ ကန်ရှိပါတယ်။ ဒါပေမယ့် ဒီရေကန်တွေထဲကိုရေတွေရရှိအောင် ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်း ၅ နှစ်အတွင်းမှာ ဒလမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ၂ ဦးလုံးဟာ လုံးဝဆောင်ရွက်ပေးခဲ့တာ မရှိဘူးလို့ ဒလပြည်သူတွေက ပြောပါတယ်။

More News
Up