ပရီးမီးယားလိဂ်ပွဲစဉ် တော့တင်ဟမ်ဟော့စပါး ၂ – ၁ ဆွမ်ဆီး (ရုပ်သံဟိုက်လိုက်)

2.5K
ဖေဖော်ဝါရီ ၂၈ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးက ဆွမ်ဆီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
စပါးအတွက်တော့ ၆ ပွဲမြောက် အနိုင်ရတာဖြစ်ပြီး အမှတ်ပေးဇယားထိပ်က လက်ဆက်စတာကို အနီးကပ်ဆုံး ဖိအားပေးနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ဆွမ်ဆီးက ဦးဆောင်ဂိုးကို ၁၉ မိနစ်မှာ စတင်သွင်းယူပါတယ်။
အိမ်ရှင် စပါးအတွက် ချေပဂိုးကို မိနစ် ၇၀ မှာ ချာဒီက သွင်းယူပါတယ်။
ဒီပွဲမှာ ဆွမ်ဆီး ဂိုးသမားအနေနဲ့ စပါးဘက်က ထိုးဖောက်ကန်သွင်းချက်တွေကို လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ်လည်း ဆွမ်ဆီးဂိုးသမား ဖေဘီယန် စကီး သတ်မှတ်ခြင်း ခံရပါတယ်။
စပါးက ဒီပွဲမှာ ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေ ၃၄ ကြိမ်အထိ ရခဲ့ပါတယ်။
စပါးအတွက် အနိုင်ဂိုးကိုတော့ ၇၇ မိနစ်မှာ ရိုဆီက သွင်းယူပါတယ်။
ဒီပွဲနိုင်လို့ စပါးက ၅၄ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က လက်ဆက်စတာရဲ့ နောက် ၂ မှတ်အကွာကနေ ဖိအားပေးနေဆဲ ဖြစ်ပါတယ်။
ဆွမ်ဆီးကတော့ ၂၇ မှတ်နဲ့ အဆင့် ၁၆ မှာ ရှိနေပါတယ်။