အမ်းမရိတ်လေကြောင်း မြန်မာပြည်သို့ နေ့စဉ်ပြေးဆွဲရန်စီစဉ်

အမ်းမရိတ်လေကြောင်းလိုင်းဟာ လာမယ့်သြဂုတ်လ ၃ ရက်နေ့ကစပြီး ဒူဘိုင်း မြို့ကနေ မြန်မာနိုင်ငံကို နေ့စဉ်ပြေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ ခုကြေညာလိုက်တဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နဲ့အတူ ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့တွေဆီ စတင်ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။ ဒူဘိုင်းမြို့အခြေစိုက် လေကြောင်းလိုင်းဟာ ဒီခရီးစဉ်သစ်တွေကို ဘိုးအင်း ၇၇၇-၃၀၀ အီးအာရ်အမျိုးအစားလေယာဉ်တွေနဲ့ ပြေးဆွဲသွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါဟာ အမ်းမရိတ်လေကြောင်းလိုင်းရဲ့ အရှေ့တောင်အာရှနိုင်ငံတွင်းမြို့တော် ၁၂ မြို့ကြား ကွန်ရက်ဖြန့်ကြက်နိုင်စေဖို့ ရည်ရွယ်တာလို့ အာရေးဘီးယန်း စီးပွားရေးသတင်းမှာ ဖော်ပြပါတယ်။ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ ကူးသန်းရောင်းဝယ်ရေးမြို့တော်ဖြစ်ပြီး နိုင်ငံရဲ့ သမိုင်းဝင် အထင်ကရနေရာတွေနဲ့ စိတ်ဝင်စားဖွယ် သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေကြောင့် ၀င်ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်ဦးရေဟာ ၂၀၁၄ ခုနှစ်မှာ ၁ သန်းခွဲရှိပြီး ဒါဟာ အဲဒီအရင်နှစ်ကနဲ့ယှဉ်ရင် ၂၅ ရာခိုင်နှုန်းတိုးလာတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up