ဖေဖော်ဝါရီ ၂၇ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက နောက်ကနေ လိုက်ကစားပြီးမှ ဆောက်သမ်ပတန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဆောက်သမ်တန်အတွက် ဦးဆောင်ဂိုးကို ၄၂ မိနစ်မှာ လောင်က သွင်းယူပါတယ်။ အိမ်ရှင် ဆောက်သမ်ပတန်ဟာ နောက်ဆုံး ကစားထားတဲ့ ၆ ပွဲစလုံးမှာ ရှုံးပွဲ မရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်သွားရပါတယ်။
အိမ်ရှင်အသင်းက ခံစစ်ဦးစားပေးနဲ့ တန်ပြန်တိုက်စစ်တွေကို အသုံးပြုသွားပါတယ်။ ချေပဂိုးကို ၇၅ မိနစ်မှာ ကွင်းလယ်သမား ဖာဘရီဂတ်စ်က သွင်းယူပါတယ်။
ဒီပွဲမှာ ဆောက်သမ်တန်က တိုက်စစ်တွေကို ချဲလ်ဆီး နောက်တန်းနဲ့ ဂိုးသမား ကာကွယ်နိုင်လို့ ဂိုးတွေ ထပ်မပေးရတာပါ။
ချေပဂိုး ရပြီး နောက်ပိုင်းမှာ ချဲလ်ဆီးကပဲ ဖိအားကစားနိုင်ခဲ့ပြီး အနိုင်ဂိုးကို ၈၉ မိနစ်မှာ အီဗန်နိုဗစ်က သွင်းယူပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ်လည်း အီဗန်နိုဗစ်က သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
ဒီပွဲနိုင်လို့ ချဲလ်ဆီးဟာ ၃၆ မှတ်နဲ့ အဆင့် ၁၁ နေရာကို တက်လှမ်းသွားပါတယ်။ ဆောက်သမ်ပတန်ကတော့အမှတ် ၄၀ နဲ့ အဆင့် ၇ မှာ ရှိနေပါတယ်။