A d v e r t i s e m e n t With Us

ဆန္ဒပြ စစ်​တွေ​ကျောင်း​သား​များ​နှင့်​ ပြည်နယ်အစိုး​ရတာဝန်ရှိသူများ​ ​ဆွေး​နွေး

ရခိုင်ပြည်နယ် စစ်​တွေမြို့​ စစ်​တွေတက္ကသိုလ်က ရာနဲ့​ချီတဲ့​ကျောင်း​သား​တွေဟာ ​ကျောင်း​ဖယ်ရီခ ​ဈေး​မြင့်​တဲ့​ကိစ္စကို မ​နေ့​က မြို့​တွင်း​ကို ချီတက်ဆန္ဒပြပြီး​တဲ့​နောက် ဒီက​နေ့​မှာ ပြည်နယ်အစိုး​ရတာဝန်ရှိသူ​တွေက ​ကျောင်း​သား​တွေနဲ့​ ​တွေ့​ဆုံ​ဖြေရှင်း​နေပြီး​ ထပ်မံဆန္ဒပြတာမရှိ​တော့​ဘူး​လို့​ စစ်​တွေမြို့​ခံ​တွေထံက သိရပါတယ်။ တက္ကသိုလ်နဲ့​ နီး​စပ်တဲ့​အသိုင်း​အဝိုင်း​ပြောဆိုချက်အရ အထူး​ပြုဘာသာရပ်တခုစီက ​ကျောင်း​သား​ကိုယ်စား​လှယ်​တွေနဲ့​ အစိုး​ရတာဝန်ရှိသူ​တွေ ​တွေ့​ဆုံ​ဖြေရှင်း​နေတာလို့​ ဆိုပါတယ်။ ​ပြေလည်မှု ရမရ မသိနိုင်​သေး​ပါဘူး​။ စစ်​တွေမြို့​က​နေ နှစ်မိုင်ခွဲ​လောက်လှမ်း​တဲ့​ စစ်​တွေတက္ကသိုလ်က ​ကျောင်း​သူ​ကျောင်း​သား​တွေဟာ အရင်က ​ကျောင်း​နဲ့​မြို့​ အသွား​ ၁၀၀ ကျပ် အပြန် ၁၀၀ ကျပ်က​နေ ကား​သမား​တွေက အသွား​ ၁၀၀ ကျပ် အပြန် ၂၀၀ ကျပ်တိုး​တောင်း​တဲ့​အတွက် ကား​သမား​တွေနဲ့​ အချင်း​များ​ရာက အစိုး​ရက ​ဖြေရှင်း​ပေး​ဖို့​ မ​နေ့​က ​ကျောင်း​သူ​ကျောင်း​သား​ သုံး​ရာ​ကျော် ချီတက်လမ်း​လျှောက်ခဲ့​တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up