နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် မုံရွာတွင် ဆန္ဒပြ
DVB
·
February 27, 2016
ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ဗမာနိုင်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်) က ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြကျောင်းသားတွေက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ ကျောင်းသားသမဂ္ဂလွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ချက်ချင်းပေး စတဲ့ ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။
ဓာတ်ပုံ - အောင်အောင်