အာဖရိကတိုက် မိုဇမ်ဘစ်နိုင်ငံမှာ တောလည်ခရီးထွက်နေတဲ့ အမေရိကန် လွှတ်တော်အမတ် လိုက်ပါလာတဲ့ ကားကို ဆင်တွေက ၀ိုင်းလိုက်ခဲ့ပါတယ်။
အရီဇိုးနားက ရီပတ်ဘလီကင် လွှတ်တော်အမတ် ဂျက်ဖလိတ်က တောရိုင်း တိရစ္ဆာန်တွေကို ခိုးယူဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အချက်အလက်ရှာဖွေဖို့ ရောက်ရှိနေပါတယ်။
ဆင်တွေက ရီပတ်ဘလီကင်တွေကို လေးစားမှုမရှိဘူးလို့ ရေးသားပြီး လွှတ်တော်အမတ်က ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို ဖေဖော်ဝါရီ ၂၅ ရက်က လူမှုရေး ကွန်ရက် တွစ်တာပေါ်တင်ပါတယ်။
အမေရိကန်လွှတ်တော်အမတ်ဟာ တိရစ္ဆာန်တွေ ခိုးယူဖမ်းဆီးမှုနဲ့ ပတ်သက်တဲ့ သက်ရောက်မှုနဲ့ ဒါကို ရပ်တန်နိုင်မယ့် နည်းလမ်းတွေအတွက် မိုဇမ်ဘစ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဆင်ဟာ ရီပတ်ဘလီကင် ပါတီရဲ့ အမှတ်အသားလည်း ဖြစ်ပါတယ်။