DVB Logo
Home
မြန်မာသတင်း
ရွာအနီး တိုက်ပွဲဖြစ်ပါက မီးရှို့မည်ဟု အစိုးရတပ် ခြိမ်းခြောက်
DVB
·
August 4, 2011
ရွာအနီး တိုက်ပွဲဖြစ်ပါက မီးရှို့မည်ဟု အစိုးရတပ် ခြိမ်းခြောက်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ရင် အဲဒီရွာကို မီးရှို့မယ်လို့ အစိုးရတပ်က ရွာသူကြီးတွေကို ခေါ်ပြီး ပြောဆိုခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

[caption id="attachment_13729" align="alignright" width="310" caption="ခလရ ၆၄ က မီးရှို့ခဲ့သည့် ကျေးသီးမြို့နယ် ခိုထွန်ရွာမှ ဦးနန်လိုင်၏ အိမ် (ဓာတ်ပုံ - SHRF)"][/caption]

ကျေးသီးမြို့နယ် မိုင်းနန်း၊ မိုင်းကောင်၊ နောင်ဆွမ်း၊ ၀မ့်ပန် စတဲ့ ကျေးရွာအုပ်စုက တိုက်နယ်သူကြီး၊ ရွာသူကြီးတွေ အားလုံးကို လင်းခေးအခြေစိုက် ခလရ ၉ က    ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က  မိုင်းနန်းကျေးရွာမှာ ခေါ်ပြောခဲ့တာ ဖြစ်ပါတယ်။

ရွာလူကြီးတွေအနေနဲ့ မိမိအုပ်ချုပ်တဲ့ ရွာအနီးမှာ တိုက်ပွဲတွေ မဖြစ်ပွားရအောင် တာဝန်ယူ ကာကွယ်ရမှာဖြစ်ပြီး တိုက်ပွဲဖြစ်ပါက အဲဒီရွာကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ရင် ရွာသားတွေ ခြိမ်းခြောက်ခံရတာ၊ ဒဏ်ပေးခံရတာတွေက အမြဲကြုံနေရတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ဆက်သွယ်ရေးအရာရှိ ဗိုလ်မှူးကြီး ပိုင်ဖက ပြောပါတယ်။

ရှမ်းတပ်မတော်ဘက်ကတော့ တတ်နိုင်သလောက် ရွာသားတွေကို ထိခိုက်မှုမရှိအောင် ရှောင်တိုက်တယ်လို့ ဆိုပါတယ်။

“သူကြီးတွေက ဘာမှ မတတ်နိုင်ပါဘူး၊ ဖြစ်မယ်ဆိုတာ ကြိုတင်လည်း မသိဘူး။ နောက် သူတို့ ကင်းလှည့်တာလည်း မသိဘူး။ တိုက်ပွဲဖြစ်ရင် ရွာသားပေါ် အပြစ်လာပေးတာ။ တကယ်ဆိုတော့ သူတို့က သူကြီးကို အဲဒီလို ပြောခြင်းအားဖြင့် ကျနော်တို့ အက်စ်အက်စ်အေက သူတို့ မတိုက်အောင် ကာဘာပေးဖို့ အမိန့်ပေးထားတာ ရှိတယ်။ ကျနော်တို့ အက်စ်အက်စ်အေတပ်က ရွာသားတွေကို ထိခိုက်မှု မရှိအောင် သို့မဟုတ် တိုက်ပွဲကြီးတွေ ဖြစ်မယ်ဆိုရင် ကြိုတင်ပြီးမှ သတင်းပေးထားတာ ရှိတယ်။ ရွာသားထိခိုက်နည်းအောင်လို့ ကျနော်တို့ ရှောင်ရှားရမှာပေါ့။”

အစိုးရတပ်ဘက်က  ခုလို သတိပေးခြိမ်းခြောက်ပေမယ့် မပြောမဆိုနဲ့ မီးရှို့ခံရတဲ့ အိမ်တွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့တုန်းက ကျေးသီးမြို့နယ် ခိုထွန်ရွာနားမှာ အစိုးရတပ် ခလရ ၆၄ နဲ့  ရှမ်းပြည်တပ်မတော် တပ်မဟာ ၁ လက်အောက်ခံတပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။

အစိုးရတပ်က ရွာထဲကို လက်နက်ကြီးနဲ့ပစ်ပြီး ရွာထဲက အိမ်ကြီးတအိမ်ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ကျေးသီးဒေသခံတဦးက ပြောပါတယ်။

အစိုးရတပ်က  တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ကို   ဖြတ်လေးဖြတ် စနစ်နဲ့ စစ်ဆင်နေတာမှာ  ရွာသားတွေကိုလည်း သတင်းပေးလို့ စွပ်စွဲပြီး ဖမ်းဆီးစစ်ဆေးတာ၊ ရွာတွေရွှေ့ပြောင်းခိုင်းတာ၊ စားနပ်ရိက္ခာကို အကန့်အသတ်နဲ့ သယ်ဆောင်နေရတာ၊ လမ်းပိတ်ခံရတာ စတဲ့ ဒုက္ခအမျိုးမျိုး ခံနေရပါတယ်။

လက်နက်ကိုင်သူပုန်တွေကို ရွာထဲမှာလက်ခံထားတယ်၊ အားပေးတယ်လို့ စွပ်စွဲပြီး လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်က ရှမ်းပြည်အလယ်ပိုင်း လဲချားမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ လင်းခေးမြို့နယ်ထဲမှာရှိတဲ့ ရွာပေါင်း ၄၀ လောက်က အိမ်ခြေ ၃၀၀ ကျော်ကို နယ်မြေအခြေစိုက် အစိုးရတပ်ရင်း ၆ ရင်းက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013