လိုင်စင်ရပ်ဆိုင်းခံရသည့် ထိုင်းက ကျားဘုရားကျောင်း (ရုပ်သံ)

ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်က ၀ပ်ပါလောင်တဘူ ကျားဘုန်းကြီးကျောင်းဟာ တိရစ္ဆာန်ရုံ လိုင်စင် သက်တမ်းတိုးရာမှာ ငြင်းပယ်ခံရပါတယ်။ ဘုန်းကြီးကျောင်းမှာ ကျား ၁၃၇ ကောင်ရှိပြီး ကျားတွေကို တရားမ၀င်ခိုးထုတ်တယ်ဆိုတဲ့ သံသယနဲ့ စုံစမ်း စစ်ဆေးခံနေရပါတယ်။ ခရီးသွားတွေ အသိများတဲ့ ဘုန်းကြီးကျောင်းဟာ ကျားတွေကို မတော်မတရားလုပ်တာ၊ မှောင်ခိုဈေးကွက်မှာ ကျားတွေကို ရောင်းစားနေတယ်ဆိုပြီး စွပ်စွဲခံထားရသလို တချို့ကျားတွေကို အစိုးရအရာရှိတွေက သိမ်းဆည်းခဲ့ပါတယ်။ စွပ်စွဲချက်တွေကိုတော့ ဘုန်းကြီးကျောင်းက တရားဝင် ငြင်းဆိုထားပါတယ်။ ဇန်န၀ါရီလကလည်း အမျိုးသား ဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နဲ့ အပင်များ ထိန်းသိမ်းရေး ဌာန ကျား ၅ ကောင်ကို ဖမ်းဆီးခဲ့ပြီး ရတ်ချဘူရီခရိုင်ကို ပို့ဆောင်ခဲ့ပါတယ်။ အရင်တပတ်ကလည်း ဘုရားကျောင်းကနေ ကျား ၅ ကောင်ကို ဘေးမဲတောကို ပို့ဆောင်ခဲ့ပါတယ်။ ထိုင်းရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်မယ်ဆိုရင် ဘုန်းကြီးကျောင်းက ကျားတွေကို ဖမ်းဆီး သိမ်းယူမယ်လို့ တောရိုင်း တိရစ္ဆာန် စောင့်ရှောက်ေရး ဌာနက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up