ဘိန်းခင်းဖျက်အဖွဲ့ တိုက်ခိုက်ခံရမှု ခုံရုံးဖွဲ့ စစ်ဆေး
DVB
·
February 27, 2016

ဘိန်းခင်းတွေ ဖျက်ဆီးဖို့သွားတဲ့ ကချင်လူထုအခြေပြု ပတ်ဂျာဆန်အဖွဲ့ဝင်တွေကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရက ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးနေပြီလို့ ပြည်နယ်အစိုးရက ဖေဖော်ဝါရီ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောလိုက်ပါတယ်။
လူထုအခြေပြု ပတ်ဂျာဆန်အဖွဲ့က ကျူးလွန်ခဲ့သည်ဖြစ်ဖြစ် ပြည်သူ့စစ် သို့မဟုတ် နယ်ခြားစောင့်တပ်ကပဲ ဖြစ်ဖြစ် ဘယ်အဖွဲ့ကပဲ လုပ်လုပ် တိုက်ခိုက်ခဲ့သူတွေကို စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူမယ်လို့ ကချင်ပြည်နယ်အစိုးရလုံခြုံရေးဝန်ကြီးက ပြောပါတယ်။
ကချင်ပြည်နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်က ဘိန်းခင်းတွေလိုက်ဖျက်တဲ့ ပတ်ဂျာဆန်အဖွဲ့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဆဒုံ-ကမ်ပိုက်တီးလမ်းပေါ်က ဝေမိုးရွာအ၀င်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နှစ်ဘက်စလုံးက လူအယောက် ၃၀ ခန့် ဒဏ်ရာရခဲ့ကြပါတယ်။