DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့သစ်စီမံကိန်း ကြည့်မြင်တိုင်တဖက်ကမ်းတွင် လုပ်ဆောင်ရန်ရှိ
DVB
·
February 27, 2016
ရန်ကုန်မြို့သစ်စီမံကိန်း ကြည့်မြင်တိုင်တဖက်ကမ်းတွင် လုပ်ဆောင်ရန်ရှိ
Donate to DVB

ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်တစ်ဖက်ကမ်း တွံတေးမြို့နယ်နဲ့ ဆိပ်ကြီးခနောင်တို အပိုင်ထဲမှာရှိတဲ့ ဧက ၃၀၀၀၀ လောက်မှာ အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်လို့ ရန်ကုန်မြို့သစ်စီမံကိန်း၊ တင်ဒါစိစစ်ရေးအဖွဲ့ခေါင်းဆောင် ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက  မြန်မာ့သတင်းစဉ်နဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။

မြို့သစ်စီမံကိန်းလုပ်ပိုင်ခွင့်ရဖို့ ရန်ကုန်အနောက်တောင် ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City Development Ltd၊ ရွှေပုပ္ပားအပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့ တင်ဒါသွင်းယှဉ်ပြိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပေမယ့် ဘယ်ကုမ္ပဏီ လုပ်ခွင့်ရသွားတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ မလုပ်ခဲ့လို့  ပြီးခဲ့တဲ့ ရန်ကုန်တိုင်းလွှတ်တော်အတွင်း ကန့်ကွက်မှုတွေ အကြီးအကျယ်ထွက်ပေါ်ခဲ့ပါတယ်။

အဲ့ဒီမြို့သစ် စီမံကိန်းအကောင်အထည်ဖော်ဖို့ ၁၀ နှစ်လောက် အချိန်ယူလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013