Sunday, May 28, 2023
HomeLead Storyမီးတောင်ပေါက်ကွဲမှုကြောင့် နှစ် ၃၀ ကြာ ကွဲကွာခဲ့သည့် ညီအစ်မ ၂ ဦး ပြန်ဆုံဆည်း

မီးတောင်ပေါက်ကွဲမှုကြောင့် နှစ် ၃၀ ကြာ ကွဲကွာခဲ့သည့် ညီအစ်မ ၂ ဦး ပြန်ဆုံဆည်း

ကိုလံဘီယာနိုင်ငံမှာ လွန်ခဲ့တဲ့အနှစ် ၃၀ က မီးတောင်ပေါက်ကွဲမှုဖြစ်ပြီး ကွဲကွာခဲ့ကြတဲ့ ညီအစ်မ ၂ ဦး ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြန်လည်ဆုံဆည်းခဲ့ကြပါတယ်။

၁၉၈၅ ခုနှစ်က သူတို့နေထိုင်တဲ့ မြို့နားက Tolima  မီးတောင်ပေါက်ကွဲမှုဖြစ်ပြီး တောင်ပြိုကျမှုဖြစ်ခဲ့တာမှာ လူ အနည်းဆုံး ၂ သောင်းသေဆုံးခဲ့တာပါ။

အဲ့ဒီတုန်းက အသက် ၃ နှစ်အရွယ် လိုရီးနာ ဆန်ချက် Lorena Sanchez နဲ့ အသက် ၉ နှစ်အရွယ် ဂျက်ကလင်း ဆန်ချက် Jaqueline Sanchez တို့ ကွဲကွာသွားခဲ့ကြပြီး မတူတဲ့မိသားစု ၂ ခုက သူတို့ကို မွေးစားခဲ့ကြတာပါ။

သူတို့ ၂ ဦးဟာ တဦးကိုတဦး ပြန်ရှာတွေ့ဖို့ နှစ်ပေါင်းများစွာကြိုးစားခဲ့ကြပြီး နှစ်ပေါင်း ၃၀ ကြာမှပဲ ပြန်လည်ရှာဖွေတွေ့ရှိတယ်လို့ လိုရီးနာ က ပြန်လည်ဆုံတွေ့အပြီးပြောဆိုပါတယ်။

ကွဲကွာခဲ့ကြတဲ့မိသားစုဝင်တွေ ပြန်လည်ဆုံတွေ့ရေးကြိုးစားပေးနေတဲ့ Armando Armero အဖွဲ့အစည်းရဲ့ Facebook ဗွီဒီယိုမှာ အစ်မပျောက်ကြော်ငြာ်နေတဲ့ လိုရီးနာ ရဲ့ ဗွီဒီယိုကို  ဂျက်ကလင်းက တွေ့ရှိခဲ့တာပါ။

အဲ့ဒီအဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီး ဒီအန်အေ စစ်ဆေးမှုတွေနဲ့ ပြန်လည်တွေ့ရှိခဲ့ကြပါတယ်။

အခုအချိန်မှာတော့ ဂျက်ကလင်းက အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး လိုရီးနာကတော့ အသက် ၃၃ နဲ့ ကိုယ်ပိုင်မိသားစုတွေနဲ့ ဖြစ်နေပါပြီ။

ဒီပြန်လည်ဆုံဆည်းမှုဟာ Tolima  မီးတောင်ပေါက်ကွဲမှုကြောင့် ကွဲကွာခဲ့ကြတဲ့ မိသားစုဝင်တွေကို ဒီအန်အေ နဲ့ အတည်ပြုပေးနိုင်ခဲ့တဲ့ ပထမဆုံး မိသားစုဝင်တွေဖြစ်တယ်လို့ ကိုလံဘီယာအာဏာပိုင်တွေက ပြောဆိုပါတယ်။

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular