DVB Logo
Home
မြန်မာသတင်း
ရေတပ်စစ်ရေး လေ့ကျင့်နေစဉ် မြန်နှုန်းမြင့် လေယာဉ် ၃ စီး ၀င်ရောက်ဖြတ်သန်း
DVB
·
February 27, 2016
ရေတပ်စစ်ရေး လေ့ကျင့်နေစဉ် မြန်နှုန်းမြင့် လေယာဉ် ၃ စီး ၀င်ရောက်ဖြတ်သန်း
Donate to DVB

မြန်မာတပ်မတော် ရေတပ်က စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း မြန်နှုန်းမြင့် လေယာဉ် ၃ စီး ၀င်ရောက်ဖြတ်သန်းသွားတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်း ဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီ ၂၈ မိနစ်ကနေ ၄ နာရီ ၃၇မိနစ်အတွင်း  မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၃.၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၄.၅၄ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၂.၃ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၄ မိနစ် နေရာများသို့ အမျိုးအစားစိစစ်ဆဲ မြန်နှုန်းမြင့် လေယာဉ် ၃ စီး မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ၀င်ရောက်ပျံသန်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တပ်မတော်(ရေ) လေ့ကျင့်ခန်းဆောင်ရွက်ရာမှာ၊ ဒုံးပျံ ပစ်ခတ်လေ့ကျင့်မှုများပါရှိတဲ့အတွက် မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပေါ်စေရေး ထပ်မံ အသိပေးကြောင်းကြားမှုများ ဆောင်ရွက်သွားမယ်လို့လည်း စစ်တပ်သတင်းက ဆိုပါတယ်။

ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းရေပြင်တ၀ိုက်မှာ ရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဖေဖော်ဝါရီ ၂၂ ရက်ကနေ မတ်လ ၂ ရက်အထိ လုပ်ဆောင်သွားမယ်လို့ အသိပေးကြေညာထားပါတယ်။

တဆက်တစပ်တည်း ထုတ်ပြန်ထားတဲ့ စစ်တပ်သတင်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အဲ့ဒီနေ့က ဆင်ဖြူရှင်စစ်ရေယာဉ်နဲ့ ကိုကိုးကျွန်းကို သွားရောက်ခဲ့ပြီး အဲ့ဒီရေယာဉ်ပေါ်မှာ စစ်ရေးလေ့ကျင့်မှု အစီအစဉ်နဲ့ပတ်သက်လို့ လိုအပ်တာတွေ ညွှန်ကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013