DVB Logo
Home
မြန်မာသတင်း
ထိုင်းမှပြန်သည့် မြန်မာများ ယာဉ်မတော်မဆမှုကြောင့် ၃ ဦးသေဆုံး
DVB
·
February 26, 2016
ထိုင်းမှပြန်သည့် မြန်မာများ ယာဉ်မတော်မဆမှုကြောင့် ၃ ဦးသေဆုံး
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဆုဖန်းပူးရီးခရိုင်ထဲမှာ ဒီနေ့မနက်က ဌာနေပြန်ကြတဲ့ မြန်မာ အလုပ်သမားတွေ စီးလာတဲ့မှန်လုံကား ယာဉ်တိုက်မှုဖြစ်ပွားပြီး ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရ ခဲ့ပါတယ်။

နခွန်းပထုန်ခရိုင်ကနေ မနေ့ည ၁၁ နာရီက ထွက်လာတဲ့ သူတို့ကားဟာ မဲဆောက် အပြန် နောင်ယားဆိုင်းမြို့နယ်မှာ ကြံပင်တွေတင်ဆောင်လာတဲ့ကားနဲ့ တိုက်မိခဲ့တာလို့  နောင်ယာဆိုင်းမြို့နယ် ရဲစခန်းအရာရှိရဲ့ပြောကြားချက်ကို ကိုးကားပြီး ဒေးလီးသတင်းမှာ ဖော်ပြပါတယ်။

ကားပေါ်ပါ ၁၂ ဦးအနက် ကားရှေ့ခန်းမှာ ယာဉ်မောင်းထိုင်းအမျိုးသားနဲ့ မြန်မာ အလုပ်သမား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ ၆ ဦးဒဏ်ရာရရှိပြီး ဒန်ချန့်ဆေးရုံကို ပို့ဆောင်ထား ပြီး ယာဉ်တိုက်မှုအကြောင်းရင်းကို စုံစမ်းဆဲလို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013