DVB Logo
Home
မြန်မာသတင်း
တိုက်ခိုက်မှုတွင်း ဖမ်းဆီးလာသူများကို စစ်ဆေးမေးမြန်းနေ
DVB
·
February 26, 2016
တိုက်ခိုက်မှုတွင်း ဖမ်းဆီးလာသူများကို စစ်ဆေးမေးမြန်းနေ
Donate to DVB

မနေ့တုန်းက ၀ိုင်းမော်မြို့ ဝေမိုးရွာအ၀င်မှာ တိုက်ခိုက်ခံရပြီးနောက် ပန်ဂျတ်ဆန် ကချင် ဘိန်းဖျက်အဖွဲ့က ဖမ်းဆီးလာတဲ့ဒေသခံရွာသားတွေကို ၀ိုင်းမော်မြို့နယ်ရဲစခန်းမှာ စစ်ဆေး မေးမြန်းနေပါတယ်။

ဝိုင်းမော်မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းလွင်က “မနေ့က ပတ်ဂျာဆန်အဖွဲ့က ဖမ်းဆီးလာတဲ့ ရွာသား ၂၁ ဦးပါလာတယ်။ လောလောဆယ်တော့ မြန်မာနိုင်ငံသားတွေချည်းပဲလို့ ယူဆရမှာပဲ။ သူတို့နေတဲ့ဒေသကို မေးလိုက်တဲ့အခါကျတော့ ဆဒုံ-ကန်ပိုက်တည် ဒီဒေသက ဝေမိုးရွာသားတွေ ချည်းပဲ။ ကျနော်တို့ ဒါတော့ ထပ်ပြီးစိစစ်နေတယ်။” လို့ ပြောပါတယ်။

ဘိန်းခင်းဖျက်တဲ့ ကချင်လူထုအခြေပြုအဖွဲ့ဟာ မနေ့က ဝေမိုးရွာအ၀င်မှာ တုတ်၊ ဓား၊ သေနတ်တွေနဲ့ တိုက်ခိုက်ခံရပါတယ်၊ ဗုံးပေါက်ကွဲမှုတခုဖြစ်ပြီး ကားတွေမီးရှို့တာတွေဖြစ်ခဲ့သလို ပတ်ဂျတ်ဆန်အဖွဲ့ကလည်း တိုက်ခိုက်သူတွေကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး အတင်းဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။

ပတ်ဂျီဆန်ဖမ်းဆီးလာသူတွေထဲက ဒဏ်ရာရသူတွေကို ဆေးရုံပို့ကုသပေးနေတယ်လို့  စခန်းမှူးက ပြောပါတယ်။

“ကျန်တဲ့သူတွေကတော့ ကျနော်တို့က ရဲစခန်းမှာပဲ ခေါ်ပြီးတော့ မေးမြန်းစိစစ်နေမှုတွေ လုပ်နေတုန်းပဲဖြစ်ပါတယ်။

ကနဦးစစ်ဆေးဖော်ထုတ်ချက်အရ “ကျနော်တို့ မနေ့ကစစ်တာကတော့ ပတ်ဂျီဆန်အဖွဲ့ သွားတဲ့အခါမှာ ဒေသခံတွေက အဲဒီလိုပေါ့ တားဆီးနှောင့်ယှက်တာတွေ လုပ်ခဲ့တာကို တွေ့ရတာပေါ့နော်။ ဘာဖြစ်တုန်းဆို အရင်တခေါက်သွားတုန်းကတော့ ဒေသခံတွေရဲ့ သီးနှံစိုက်ခင်းတွေ၊ ရေပိုက်တွေ တဲတွေ ပျက်သွားတာလည်း ရှိတာကိုးဗျ။ အဲဒီတော့ ဒေသခံတွေက မကျေလည်ဘူးဖြစ်တာပေါ့”လို့ပြောပါတယ်။

ဘိန်းတိုက်ဖျက်ရေးကို အားလုံးပူးတွဲလုပ်ရမှာဖြစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့က တပ်မတော်နဲ့ လက်တွဲဆောင်ရွက်နေကြောင်း စခန်းမှူးက ပြောပါတယ်။

“ဘိန်းဖျက်တာတော့ ကျနော်တို့က ပထမတသုတ် ဖျက်ပြီးသွားပြီ။ ခု ဒုတိယအကြိမ်ထပ်ထွက်နေတယ်။ တပ်မတော်ရယ်၊ ရဲတပ်ဖွဲ့ရယ် တခြားအဖွဲ့တွေ ပူးပေါင်းပြီးတော့ ဘိန်းခင်းဖျက်တဲ့ အဖွဲ့ကလည်း ဖျက်ဆီးနေတာရှိတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013