DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့်စာသင်ကျောင်း ၅၀၀ ကျော်ကို ဂျပန်က ပြန်ဆောက်ပေးမည်
DVB
·
February 26, 2016
ရေဘေးသင့်စာသင်ကျောင်း ၅၀၀ ကျော်ကို ဂျပန်က ပြန်ဆောက်ပေးမည်
Donate to DVB

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံတ၀န်း ရေကြီးနစ်မြုပ်ပျက်စီးခဲ့တဲ့ အခြေခံပညာ စာသင်ကျောင်းပေါင်း ၅ဝဝ ကျော်ကို ဂျပန်နိုင်ငံက ပြန်လည်တည်ဆောက်ပေးသွားဖို့ ရှိနေတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန် ဂျပန်သံရုံးမှာ ဖေဖော်ဝါရီ ၂၅ ရက် က ကျင်းပတဲ့ ဂျပန်အစိုးရရဲ့ အသေးစားစီမံကိန်းများထောက်ပံ့ပေးအပ်ပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သံမှူးကြီး အီချီရို မာရူယာမက ပြောကြားခဲ့တာလို့ ဆိုပါတယ်။

မနေ့ကတော့ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်း အတွင်းက စာသင်ကျောင်း ၄ ကျောင်းနဲ့ ကျေးလက်ကျန်းမာရေးဆေးပေးခန်းခွဲ ၂ ခုအတွက် အမေရိကန်ဒေါ်လာ ၅သိန်းကျော် ထောက်ပံ့ပေးအပ်တဲ့ နှစ်ဘက် သဘောတူ စာချုပ်ကို ဂျပန်သံရုံးမှာ ချုပ်ဆိုခဲ့ပါတယ်။

ပြန်လည်တည်ဆောက်ပေးမယ့် စာသင်ကျောင်းတွေထဲမှာ သာပေါင်းမြို့နယ် ငှက်ပျောတော ရွာ မူလတန်းကျောင်းအတွက် ဒေါ်လာ ၈၅၆၁ဝ၊ ပခုက္ကူမြို့နယ် ထောက်ရှာပင်ကျေးရွာ မူလတန်းကျောင်းအတွက် ဒေါ်လာ ၈၂၅၁၁၊ ဟင်္သာတ အမှတ် (၂) အလယ်ကျောင်း အတွက် ဒေါ်လာ ၁၄၁၅၁၃၊ လက်ပံတန်းမြို့နယ် ကျောက်အိုင်ကျေးရွာ မူလတန်း လွန်ကျောင်းအတွက် အမေရိကန် ဒေါ်လာ ၉ဝ၂၆ဝ စသဖြင့်ပါ ၀င်ပါတယ်။

ကရင်ပြည်နယ်ဘားအံမြို့နယ်ရှိ ကော့ဒါန်းမယ်နဲ့ ရသဝေါကျေးရွာ ၂ရွာမှာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းခွဲနှစ်ဆောင်၊ ၀န်ထမ်းအိမ်ယာနှစ်ဆောင်၊ ပရိဘောဂနဲ့ ဆေးခန်းသုံးပစ္စည်းအတွက် ဒေါ်လာ ၁ဝ၅၃၁ဝ ပံ့ပိုးပေးမှာဖြစ်ပြီး ဒီ စီမံကိန်းကနေ ကျေးရွာ ၁၀ရွာမှ ဒေသခံ ၆ထောင်ကျော် အကျိုးခံစားရမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဂျပန်အနေနဲ့ ၁၉၉၃ ကတည်းက ပညာရေးထောက်ပံ့ရေးစီမံကိန်း ၃၅၁ ခု၊ ကျန်းမာရေးစောင့်ရှောက် မှုမြှင့်တင်ရေးစီမံကိန်း ၁၉၅ ခု၊ လူမှုရေးနှင့် ပတ်ဝန်း ကျင်စီမံကိန်း ၁၃၈ခု၊ အခြေခံ အဆောက်အအုံစီမံကိန်း ၃၆ ခုနဲ့ အခြားစီမံကိန်း ၃၅ ခု စုစုပေါင်း ၇၅၅ ခုကိုထောက်ပံ့ ကူညီပေးထားတယ်လို့ ဂျပန်သံရုံး ထုတ်ပြန်ချက်အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013