DVB Logo
Home
မြန်မာသတင်း
အလုပ်ရှင်ထံမှ ရပိုင်ခွင့် ဘတ်သန်းပေါင်း ၁၆၀ ကျော် မြန်မာအလုပ်သမားများ တောင်းဆို
DVB
·
February 26, 2016
အလုပ်ရှင်ထံမှ ရပိုင်ခွင့် ဘတ်သန်းပေါင်း ၁၆၀ ကျော်  မြန်မာအလုပ်သမားများ တောင်းဆို
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့က မြန်မာအလုပ်သမားတွေဟာ ငါးစည်သွပ်ဗူးစက်ရုံပိုင်ရှင်ဆီကနေ အလုပ်သမားရပိုင်ခွင့် ဘတ်သန်းပေါင်း ၁၆၀ ကျော်ရှိ  ပြန်ရရေး  တောင်းဆိုခဲ့ကြပါတယ်။

Golden Prize Canning Co.ltd ဆိုတဲ့ စက်ရုံဟာ အလုပ်သမားတွေအတွက် ဥပဒေက သတ်မှတ်ထားတဲ့ လုပ်ခစံနှုန်းအတိုင်းမပေးတာ၊ အချိန်ပိုခတွေ မပေးတာ၊ နားရက်မပေး တာ၊ လူမှုဖူလုံရေးအာမခံတွေ မလုပ်ပေးတာတွေကြောင့် အလုပ်သမားတွေက  ဖေဖော်ဝါရီ  ၂၅ ရက်နေ့က ခရိုင်အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးကို သွားရောက်တိုင်တန်းပြီး ရပိုင်ခွင့်တွေ ပြန်ရရေးတောင်းဆိုခဲ့တယ်လို့  ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် အဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစက်ရုံမှာ အလုပ်သမားစုစုပေါင်း တစ်ထောင့်ငါးရာကျော်တယ်။ မြန်မာအလုပ်သမားက ၁ ထောင်ကျော်တယ်။ သူဌေးက အလုပ်သမားဥပဒေအတိုင်း မလိုက်နာတာ နှစ်ပေါင်း ၂၀ ကျော်ပြီ။ အလုပ်သမားဘက်ကလည်း သူတို့ခံစားခွင့်ရဖို့ အလုပ်ရှင်နဲ့ ညှိနှိုင်းတာလည်း နှစ်နဲ့ချီကြာနေပြီ။ တစ်သိန်းလောက်ရဖို့ရှိတဲ့ အလုပ်သမားတယောက်စီရဲ့ ရပိုင်ခွင့်ကို ၁ သောင်းကျော်လောက်ဘဲ ပေးမယ်ဆိုတော့ ညှိနှိုင်းတာမရလို့ အလုပ်သမားကာကွယ်ရေးရုံး ကို သွားတိုင်ရတဲ့အထိ ဖြစ်သွားတယ်။”

အလုပ်သမားတွေဟာ နှစ်ပေါင်းများစွာ ရပိုင်ခွင့်ဆုံးရှုံးခဲ့ပေမယ့် ဥပဒေအရ ၂ နှစ်ထိဘဲ နောက်ကြောင်းပြန်လျော်ကြေး ပြန်တောင်းခွင့်ရှိတာကြောင့် ပြီးခဲ့တဲ့ ၂ နှစ်အတွက် အလုပ်သမားပေါင်း တစ်ထောင်ကျော်ရဲ့ စုစုပေါင်းရပိုင်ခွင့် ခန့်မှန်းခြေ ဘတ်သိန်းပေါင်း ၁၆၀ ကျော်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီကနေ့မှာတော့ ခရိုင်အလုပ်သမားရုံးကတာဝန်ရှိသူတွေ၊ စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ အဲဒီကုမ္ပဏီကို ရောက်နေကြပြီး အလုပ်သမားရပိုင်ခွင့်တွေ ပြန်ရဖို့ အလုပ်ရှင်နဲ့ ဆွေးနွေးနေကြောင်း၊ ဘယ်လိုအဖြေထွက်လာမလဲဆိုတာတော့ မသိရသေးဘူး လို့ ဦးစိန်ဌေးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အလုပ်ရှင်ထံမှ ရပိုင်ခွင့် ဘတ်သန်းပေါင်း ၁၆၀ ကျော် မြန်မာအလုပ်သမားများ တောင်းဆို