Sunday, May 28, 2023
HomeLead Storyပတ်ဂျာဆန်အဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့်အပေါ် မြစ်ကြီးနားလူထုဆန္ဒပြ

ပတ်ဂျာဆန်အဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့်အပေါ် မြစ်ကြီးနားလူထုဆန္ဒပြ

ဘိန်းခင်းတွေဖျက်ဆီးဖို့သွားတဲ့ ကချင်လူထုအခြေပြု  ပတ်ဂျာဆန်အဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ တာကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့  မြစ်ကြီးနားမြို့ပေါ်မှာ လူပေါင်းထောင်နဲ့ချီ ဒီကနေ့  ဖေဖော်ဝါရီ ၂၆ မနက်က လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး  မြစ်ကြီးနားမြို့ခံ ဒီဗွီဘီ သတင်းထောက် မသင်းသင်းနွယ်က “အခုဒုတိယအကြိမ်ပြတာ မနောကွင်းကနေထွက်ပြီးမှာ လူထုအခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေရော ကချင်ပြည်သူတွေရောပါတယ်၊ ပတ်ဂျာဆန်အဖွဲ့ကို ကာကွယ်ရေး၊ ပြည်သူကို အကာအကွယ်မပေးနိုင်တဲ့ အစိုးရအလိုမရှိ အလိုမရှိ အော်ပြီး ဆန္ဒပြတာ လူဦးရေကတော့ ထောင်ကဏန်းလောက်ရှိမယ် တော်တော်ကိုများတယ် သူတို့က ဆက်ပြီးပတ်နေတုန်း”လို့ပြောပါတယ်။

မနေ့ညနေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး  မြစ်ကြီးနားမြို့မှာ ရာနဲ့ချီတဲ့မြို့ခံတွေ ဆန္ဒပြခဲ့ကြပါတယ်။

ဆဒုံ-ကမ်ပိုက်တီးလမ်းတကြောက ဘိန်းခင်းတွေကို ဖျက်ဆီးဖို့သွားတဲ့ ကချင်လူထုအခြေပြု ပတ်ဂျာဆန်အဖွဲ့တွေဟာ မနေ့မနက်က ၀ိုင်းမော်မြို့နယ် ဝေမိုးရွာမှာ တိုက်ခိုက်ခံခဲ့ရ တာကြောင့် လူပေါင်း ၃၀ ဒဏ်ရာရရှိပြီး ကား ၂ စီး မီးရှိ့ဖျက်ဆီးခံခဲ့ရပါတယ်။

ပတ်ဂျာဆန်အဖွဲ့ဝင်တွေကို စောင့်တိုက်ခိုက်တဲ့ အရပ်ဝတ် ရွာသား ၃၀ နီးပါးကိုလည်း ပတ်ဂျာဆန်အဖွဲ့တွေက ဖမ်းဆီးထားပြီး အဲဒီထဲက ဒဏ်ရာရသူအချို့ကို ၀ိုင်းမော်ဆေးရုံ  ပို့ဆောင်ထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular