DVB Logo
Home
မြန်မာသတင်း
ဆင်းရဲမှု တိုက်ဖျက်ရေးအတွက် လုပ်ငန်းရှင်များထံက ကျပ်သိန်းထောင်ချီ ကောက်
DVB
·
August 4, 2011
ဆင်းရဲမှု တိုက်ဖျက်ရေးအတွက် လုပ်ငန်းရှင်များထံက ကျပ်သိန်းထောင်ချီ ကောက်
Donate to DVB

ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးဆောင်ရွက်ဖို့အတွက် မုံရွာမြို့ မုံရွာကုန်စည်ဒိုင် အပါအ၀င် လုပ်ငန်းအသင်းအဖွဲ့တွေဆီက ငွေကျပ် သိန်းထောင်ချီ ကောက်ခံနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်အရ မုံရွာမြို့မှာရှိတဲ့ လုပ်ငန်းရှင်တွေဆီက ငွေကြေး ကောက်ခံနေတာ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် ဆိုပြီး ကောက်နေတာ ဖြစ်ပေမယ့် ဒီငွေတွေကို ဘယ်လိုနေရာတွေမှာ ဘယ်ပုံဘယ်နည်း သုံးမယ်ဆိုတာကိုတော့ သက်ဆိုင်ရာက ရှင်းမပြဘူးလို့ မုံရွာကုန်စည်ဒိုင်က ကုန်သည်တဦးက ပြောပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ ကုန်သည်တဦးကို ငွေကျပ် ၃ သိန်း ကောက်ခံပြီးတော့ ကုန်သည်တွေက ပဲဈေးတွေ ကျပြီးတော့ အရောင်းအဝယ် မကောင်းဘူးလို့ တင်ပြကြတာကြောင့် အခုတော့ တဦးကို ကျပ် ၂ သိန်း ထည့်ဝင်ဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

“ဒေသအာဏာပိုင် အဖွဲ့အစည်း ကနေပြီးတော့  အကူအညီ တောင်းတယ်။ ခေတ္တစိုက်ထုတ် ချေးပေးဖို့ ပြီးရင် ပြန်ရမယ်ပေါ့။ အာမခံတယ်ပေါ့ အဲဒီအတွက်ကို။ အခု ပထမတော့ ကျနော်တို့ ၃ သိန်း ဖြစ်နေလို့ အဲဒါတော့ နည်းနည်းလေး အခြေအတင် ဆွေးနွေးကြရတာပေါ့။ နောက်ပိုင်း အခု ၂ သိန်း ပြည့်အောင်တော့ ထည့်ကြပေါ့။ ကျနော်တို့ ဒီ ကုန်စည်ဒိုင်အနေနဲ့ သိန်း ၁ ထောင်ပေါ့ မတည်ရမှာ။ လောလောဆယ်တော့ နို့တစ်စာ ကပ်ထားတာတော့ အဲဒီသတ်မှတ်ရက် နောက်ပိုင်း မထည့်နိုင်ဘူး ဆိုရင် ဒိုင်ဝင်ခွင့် ခေတ္တယာယီပိတ်မှာပေါ့။ အများစုရဲ့ သဘောထားကတော့ အခုကတော့ ထည့်ကြမှာပါ။ စောစောက ၃ သိန်း ဆိုရင်တော့ နည်းနည်းလေး အကြောက်အကန် ဖြစ်နေတာ။  အခု မင်းအမိန့်ဆိုတော့လည်း မလိုလားလည်း လိုလားအောင် လုပ်ကြရမှာပေါ့ဗျာ။ တကယ် နွမ်းပါးတဲ့လူတွေကို ထိရောက်အောင် ဘယ်လိုပေးမယ်ဆိုတဲ့ plan (အစီအစဉ်) ကတော့ မပါဘူး။”

ဩဂုတ်လ ၁၅ ရက် နောက်ဆုံးထားပြီး ငွေထည့်ရမယ်လို့လည်း ပြောပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ အသင်းဝင် ၅၀၀ လောက် စာရင်းပေါက်ပေမယ့် တကယ် ရောင်းဝယ်ဖောက်ကား ဝင်ထွက်နေတာက ၃၀၀ လောက်ပဲ ရှိပါတယ်။ အားလုံး ထည့်ဝင်မှ ကျပ် သိန်း ၆၀၀ ပဲ ရမှာပါ။ ကျပ်သန်း တထောင်ပြည့်အောင် ကုန်စည်ဒိုင်ရန်ပုံငွေက ဖြည့်ပြီးပေးရဖို့ ရှိတယ်လို့လည်း သိရပါတယ်။

အလားတူ မုံရွာက ဆန်၊ ရေနံ၊ ကျောက်မျက်၊ သစ်တော စတဲ့ လုပ်ငန်းအသင်း အဖွဲ့တွေလည်း အချိုးကျ ထည့်ဝင်ဖို့ တိုင်းဒေသကြီး အစိုးရက ညွှန်ကြားထားတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

သစ်လုပ်ငန်း အဖွဲ့က ကျပ် သိန်း ၆၀၀၀ ထည့်ဝင်ရမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ လထဲက သမ္မတ ဦးသိန်းစိန် ပဲခူးနဲ့ ဟင်္သာတဘက် ခရီးထွက်တုန်းက တတ်နိုင်တဲ့ လူတွေက ငွေကြေးစုထည့်ပြီး ဆင်းရဲတဲ့ လက်လုပ်လက်စား အခြေခံ လူတန်းစားတွေကို ငွေထုတ်ချေးတဲ့ လုပ်ငန်းတွေကို လုပ်ကြဖို့ ပြောခဲ့ပါတယ်။

အဲဒီနောက် စစ်ကိုင်းတိုင်း မုံရွာမြို့မှာ လုပ်ငန်းရှင်တွေဆီက ငွေကြေး ကောက်ခံတဲ့ လုပ်ရပ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အစိုးရသစ် တက်လာပြီး နောက်ပိုင်း ကျေးလက်ဒေသနေ နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါး နေကြတယ်လို့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013