DVB Logo
Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော်တွင် တပ်ကိုယ်စားလှယ်အားလုံး မတ်တပ်ရပ် ကန့်ကွက် (ရုပ်သံ)
DVB
·
February 26, 2016
ပြည်သူ့လွှတ်တော်တွင် တပ်ကိုယ်စားလှယ်အားလုံး မတ်တပ်ရပ် ကန့်ကွက် (ရုပ်သံ)
Donate to DVB

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အတွင်း မကွေးတိုင်း၊ စေတုတ္ထရာမြို့နယ် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးနေတုန်း တပ်ကိုယ်စားလှယ်များအားလုံး မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

စေတုတ္ထရာမြို့နယ် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဖေဖော်ဝါရီ ၂၅ ရက်က ဒေါ်ခင်စန်းလှိုင်တင်တဲ့ စီမံကိန်းများ အလျဉ်စလို မလုပ်ရန် စိစစ်ပေးဖို့ အရေးကြီး အဆိုကို ထောက်ခံ ဆွေးနွေးနေတုန်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စေတုတ္ထရာမြို့နယ်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က အဆိုကို ထောက်ခံဆွေးနွေးရင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ ထည့်သွင်းဆွေးနွေးစဉ် စစ်တပ်ကိုယ်စားလှယ်များက မတ်တပ်ရပ် ကန့်ကွက်ခဲ့ကြပြီး စီမံကိန်းနဲ့ ပတ်သက်လို့ ပြန်လည် ဆွေးနွေးသွားခဲ့ပါတယ်။

ဒီ့မတိုင်မီကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆွေးနွေးနေတဲ့ ကိုယ်စားလှယ် ဦးကျော်အောင်လွင်ကို မဆိုင်တာတွေ ထည့်သွင်း မဆွေးနွေးဖို့ သတိပေးခဲ့ပါသေးတယ်။

အန်အယ်လ်ဒီပုလဲအမတ် ဒေါ်ခင်စန်းလှိုင်ရဲ့စီမံကိန်းလုပ်ငန်းများ အလျဉ်စလို မလုပ်ဖို့ အရေးကြီးအဆိုကို ဒီနေ့ ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးခဲ့ကြပြီး မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံသူများလို့ လွှတ်တော်က အဆိုကို အတည်ပြုခဲ့ပါတယ်။

ဒီအရေးကြီးအဆိုနဲ့ပတ်သက်ပြီး အစိုးရဘက်က လာရောက်ရှင်းလင်းတင်ပြဖို့ မရှိတဲ့အကြောင်း လွှတ်တော်ကို အကြောင်းကြားခဲ့တယ်လို့ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကို အသိပေး ပြောကြားခဲ့ပါတယ်။

လွှတ်တော်တွင်း တပ်မတော်ကိုယ်စားပြု ကိုယ်စားလှယ်များအားလုံး မတ်တပ်ရပ်ကန့်ကွက်ခဲ့ကြတာ ဒါပထမဆုံးဖြစ်ပြီး အန်အယ်လ်ဒီဦးဆောင်တဲ့ လွှတ်တော်တွင်း ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013