DVB Logo
Home
မြန်မာသတင်း
တောင်ယာလုပ်နေသည့် ရွာသားနှစ်ဦးကို အစိုးရစစ်တပ်က ပစ်သတ်
DVB
·
August 4, 2011
တောင်ယာလုပ်နေသည့် ရွာသားနှစ်ဦးကို အစိုးရစစ်တပ်က ပစ်သတ်
Donate to DVB

ပြီးခဲ့တဲ့လကုန်ပိုင်းက ကချင်ပြည်နယ်၊ ဝိုင်းမှော်မြို့နယ်၊ ဝါးရှောင်ကျေးရွာမှ ရွာသား ၂ ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၁ က ပစ်သတ်လိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဇူလိုင် ၃၁ ရက်နေ့က ဝါးရှောင်ကျေးရွာမှ အသက် ၄ဝ အရွယ် ကချင် အမျိုးသား ကွန်ဒွတ်နဲ့ နော်လားနော် တို့နှစ်ဦးဟာ ကျေးရွာအနီးရှိ သူတို့ရဲ့ တောင်ယာကို ပေါင်းမြက်ရှင်းဖို့ ဆိုင်ကယ်နဲ့ သွားရောက်ခဲ့ကြရာ ပြန်မလာတဲ့အတွက် ကျေးရွာသားတွေက သွားရောက် ရှာဖွေကြရာ သေနတ်ပစ်ခံထားရတဲ့ အလောင်းတွေသာ တွေ့ရတယ်လို့ ပြောပါတယ်။

“ရွာထဲကလူတွေ စုပြီးမှ သွားရှာတဲ့ခါကျတော့ တောင်ယာထဲမှာ အလုပ်လုပ်ရင်း အပစ်ခံရတာ။ နှစ်ယောက်စလုံးသေနေတာ။ မေးကြည့်တဲ့ခါကျတော့ အဲဒီက ဗိုလ်ကြီးက ဥက္ကဋ္ဌကို လာပြောတယ်တဲ့။ ဟုတ်တယ် ကျနော့်လူတွေ ပစ်လိုက်တာ၊ လူမှားသွားတာလို့ ပြောတယ်တဲ့။ ဥက္ကဋ္ဌလည်း ကြောက်တော့ အထက်လူကြီး တွေကိုလည်း မပြောပေးဘူး၊ သူ့တို့ မိသားစုတွေကတော့ ဘယ်မှာတိုင်ရမှန်း မသိဘူးပေါ့ဗျာ။

အဲဒီကျေးရွာသားနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဝါးရှောင်ဆည် လုံခြုံရေး တာဝန်ယူထားတဲ့ ခလရ ၂၁ က တပ်ခွဲမှူး ဗိုလ်ကြီးက ဝါးရှောင်ကျေးရွာ ဥက္ကဋ္ဌ ခေါယိန်းအား အခုလို မှားယွင်းပစ်ခတ်မှုအပေါ် အထက်ကို တိုင်ကြားတာတွေ မလုပ်ဖို့ ဖိအားပေးခဲ့သလို လိုအပ်လာရင် စစ်ကြောင်းတွေအတွက် ပစ္စည်းထမ်းခိုင်းဖို့ ရွာသား အယောက် ၅ဝ အသင့်ရှာထားပေးဖို့ ပြောဆိုသွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်း ကေအိုင်အေတပ်ဖွဲ့နဲ့ မြန်မာအစိုးရအကြား နှစ်ဖက် တိုက်ပွဲတွေ၊ မိုင်းခွဲတာတွေ ကြိုးကြားရှိနေတာကြောင့် ဒေသခံတွေ ကြောက်လန့်နေကြရာ အခုအခါ ဝါးရှောင်ကျေးရွာမှ ကျေးရွာသားအချို့ မြစ်ကြီးနားမြို့ကို ပြောင်းရွှွှွှေ့နေကြတယ်လို့ ဒေသအတွင်းကလာတဲ့ သတင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013