အရှုံးပေါ်နေသည့် ဂျပန် Sharp ကော်ပိုရေးရှင်း တိုင်ဝမ်ကုမ္ပဏီ၏ ကမ်းလှမ်းမှုကို လက်ခံ

အရှုံးပေါ်နေတဲ့ ဂျပန် အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်သူ Sharp ကော်ပိုရေးရှင်းဟာ တိုင်ဝမ်ပိုင် ဖောက်စ်ကွန်း နည်းပညာအုပ်စုရဲ့ အောက်က ဟွန်ဟိုင် ကုမ္ပဏီရဲ့ ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံတန် ကမ်းလှမ်းမှုကို လက်ခံဖို့ ဖေဖော်ဝါရီ ၂၅ ရက် မနက်က ဆုံးဖြတ်လိုက်ပါတယ်။ Sharp ကော်ပိုရေးရှင်းရဲ့ ၂ ရက်ကြာ ဘုတ်အဖွဲ့အစည်းအဝေးကို အိုဆာကာမြို့မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က စတင်ဆွေးနွေးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဂျပန်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ရန်ပုံငွေကို Sharp က ပယ်ချခဲ့တာပါ။ Sharp ကော်ပိုရေးရှင်းကို ဟွန်ဟိုင်က လွှဲယူဖို့ ပထမအကြိမ် အရစ်ကျ ပေးချေမှုအနေနဲ့ ဂျပန်ယန်းငွေ ဘီလီယံ ၁၀၀ ပေးဖို့ ကတိပြုခဲ့ပြီးပြီလို့ ယုံကြည်ရပါတယ်။ electronic gadgets တွေကို ကန်ထရိုက်စနစ်နဲ့ လုပ်ပေးနေတဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ဟွန်ဟိုင်ဟာ Sharp ကော်ပိုရေးရှင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းခဲ့တာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီအရေးနဲ့ ပတ်သက်ပြီး Sharp က မှတ်ချက်ပေးဖို့ ငြင်းပါတယ်။

More News
Up