Home
မြန်မာသတင်း
မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ၊ ၁၄ ဦး ဒဏ်ရာရ
DVB
·
February 25, 2016
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်း ဆဒုံ-ကန်ပိုင်တီဒေသက ဘိန်းခင်းတွေ သွားရောက် ဖျက်စီးနေတဲ့ ကချင်လူထုအခြေပြု မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ ဆဒုံ-ကန်ပိုင်တီ ကြားက ဆင်ကြိုင်ရွာမှာ ဒီကနေ့မနက် ၉ နာရီလောက်က တိုက်ခိုက်ခံရတဲ့အတွက် ဘိန်းချင်းဖျက်တဲ့ အဖွဲ့က ၁၄ ဦးဒဏ်ရာရရှိသွားပြီးလို့ အဖွဲ့ရဲ့ပြောခွင့်ရသူ ဦးတန်ဂွန်းက ပြောပါတယ်။ လက်ရှိမှာလည်း ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးရုံတွေဆီ မပို့နိုင်သေးဘူးလို့လည်း ပြောပါတယ်။ “ဒီမနက် သူတို့အဖွဲ့ ဆင်ကြိုင်ရဲ့ တောင်ဖက်ခြမ်းမှာ တက်သွားတဲ့အချိန် မက ဆိုတဲ့ဘက်ကို တက်သွားတဲ့အချိန်မှာ အဲဒီနားမှာ ဘီဂျီအက်ဖ်တပ်တွေ ရှိပါတယ်။ အဲဒီနားမှာ လက်နက် အပြည့်အစုံနဲ့ တိုက်ခိုက်ခံရတယ်။ သေနတ်တွေ၊ ဗုံးတွေနဲ့ ပစ်ခတ်ခံရတယ်။ အခု ကျနော်တို့ ဖက်က ၁၄ ယောက် ထိခိုက်ဒဏ်ရာရနေပြီလို့ ပြောပါတယ်။ လုံခြုံရေးက ရတွေပါလာတယ်။ ရဲတွေကလည်း ကစဥ့်ကလျားဖြစ်ကုန်တယ်။ အခုလည်း ဘယ်လိုလုပ်ရမှန်း ဘာမှကို လုပ်လို့ မရသေးဘူး။” ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီမနက်ပိုင်းမှာ ကျင်းပတဲ့ပြည်သူ့လွတ်တော်အစည်းအဝေးမှာလည်း မိုးကောင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က မူးယစ်တိုက်ဖျက်ရေး အဖွဲ့တွေ ၁၄ ဦးဒဏ်ရာရှိတဲ့အကြောင်း တင်ပြဆွေးနွေးသွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024