ဖေဖော်ဝါရီ ၂၄ တရက်တည်း မြန်မာနိုင်ငံတ၀န်း မီး ၃ ကြိမ်လောင်ကျွမ်း (သတင်းဓာတ်ပုံ)

ဖေဖော်ဝါရီ ၂၄ ရက် တရက်တည်းမှာပဲ မြန်မာနိုင်ငံတဝန်း မီး ၃ ကြိမ် လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ် ၁ ရပ်ကွက်၊ ဘူတာရုံလမ်းအနီးမှာ ည ၈ နာရီလောက်က မီးလောင်မှုဖြစ်ပွားပြီး Level 1 အဆင့် သတ်မှတ်ကာ ယာဉ်အုပ်စုထွက်ခွာ ငြှိမ်းသတ်ရာ ၁၅ မိနစ်လောက်အကြာမှာ မီးငြိမ်းသွားခဲ့ပါတယ်။ အလားတူ ပြည်မြို့ မှုတ်ရှည်ကျေးရွာအုပ်စု ကန်သာယာရပ်ကွက် ဇေတဝန်တောရကျောင်း ဘုန်းကြီးကျောင်းအနီးမှာလည်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ တဆက်တည်း အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ် ၅ စည်ပင်သာယာရပ်၊ မြို့ဟောင်းလမ်း၊ ရွှေစည်းခုံဘုရားအနီးက  ယွန်းထည်လုပ်ငန်းရဲ့ လူနေဆိုင်ခန်းမှာ လျှပ်စစ်ဒစ်ဂျစ်တယ်မီးဖိုနဲ့ နွားနို့ကျိုရာကနေ  နွားနို့ခန်းပြီး အပူလွန်ကဲရာက သစ်သားနံရံကို မီးကူးစက်လောင်မှု ဖြစ်ပွားခဲ့တာကြောင့် အဆောက်အဦ ၁ လုံး မီးလောင်ခံရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ သတင်းဓာတ်ပုံ -  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့  

More News
Up