DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံကို စစ်လက်နက် တင်ပို့ရောင်းချနေမှု ပိတ်ပင်ပေးရန် ကုလသမဂ္ဂကို စာပို့
DVB
·
August 4, 2011
Donate to DVB

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက မြန်မာနိုင်ငံကို စစ်လက်နက် တင်ပို့ရောင်းချမှု ပိတ်ပင်ပေးဖို့ ခေါင်းစဉ်နဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ)က ကုလသမဂ္ဂထံ တောင်းဆိုလိုက်ပါတယ်။

မြန်မာအစိုးရထံ လက်နက်ရောင်းချမှု ပိတ်ပင်ပေးဖို့အတွက် စောင့်ကြည့်နေချိန် လုံလောက်ပြီ ဖြစ်တဲ့အတွက် ပံ့ပိုးပေးသင့်ပြီဆိုတဲ့ ခေါင်းစဉ်နဲ့ တောင်းဆိုချက်ကို အန်စီယူဘီက ဇူလိုင်လ ၃၁ ရက်နေ့ နေ့စွဲနဲ့ ကုလသမဂ္ဂထံ တင်သွင်းလိုက်တယ်လို့ အန်စီယူဘီ ဒုဥက္ကဋ္ဌ ဒေါ်စန်းစန်းက ပြောပါတယ်။

“နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်မြေပြင်မှာ ဖြေရှင်းတယ် ဆိုရင်တော့ လုံးဝမရဘူး။ အဲဒါကြောင့် ကျမတို့က လက်နက်ရောင်းဝယ်တဲ့ နိုင်ငံတွေကို လက်နက် မရောင်းကြပါနဲ့ ကုလသမဂ္ဂက တဆင့် ပြောတာပါ။ ဒီဟာက ခုခံတော်လှန်တဲ့ တကယ့် တရားသော စစ်ပွဲ ဖြစ်ပါတယ်လို့ ဒီဘက် တိုင်းရင်းသားတွေ ဘက်ကဆိုရင်။ ဟိုဘက်ကတော့ မတရား အနိုင်ကျင့်ပြီး လက်နက်ကြီးတွေနဲ့ စစ်ပွဲဆင်နွှဲနေတာတော့ သက်သက် အနိုင်ကျင့်တာနဲ့ တူပါတယ်။ ဒါကြောင့် လက်နက်ကို မရောင်းဖို့၊ ပြောကြားခြင်း ဖြစ်ပါတယ်။”

တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်တဲ့အခါ လက်နက်ကြီးတွေ အသုံးပြုတာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ပြုလုပ်လာတာ တွေ့ရတဲ့အတွက် ပြည်တွင်းစစ် အဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဖိအားပေးတဲ့ အနေနဲ့ အခုလို လက်နက် တင်ပို့ရောင်းချတာကို တားဆီးပိတ်ပင်ပေးဖို့ တောင်းဆိုတာ ဖြစ်ပြီး ဒါဟာ ပြည်သူလူထုကို ကာကွယ်ရာ ရောက်ပါတယ်လို့ တောင်းဆိုချက်ထဲမှာ ထည့်သွင်း ရေးသားထားပါတယ်။

ဒီတောင်းဆိုချက်အတိုင်း ကုလသမဂ္ဂကသာ လက်နက်ရောင်းချမှု ပိတ်ပင်ပေးခဲ့ရင် ဘယ်လို အကျိုးရှိမယ်ဆိုတာကိုတော့ ဒေါ်စန်းစန်းက ခုလို ပြောပါတယ်။

“အဲဒီအချက် အောင်မြင်မယ်ဆိုရင် အခု ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားတယ်။ တွေ့ဆုံဆွေးနွေးပါ။ လက်နက်နဲ့ မဖြေရှင်းဘဲနဲ့၊ တွေ့ဆုံရေး စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းကြပါစို့၊ ဆိုတဲ့ဥစ္စာ အဲဒါရဲ့ တွန်းအားလည်း ဖြစ်သွားမယ်။”

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် တပ်ပေါင်းစုတခုဖြစ်တဲ့ အန်စီယူဘီအနေနဲ့ ကုလသမဂ္ဂထံ ၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူမှုဒုက္ခအပေါင်းကို ၀င်ရောက် ဖြေရှင်းပေးဖို့နဲ့ ၂၀၀၈ ခုနှစ်မှာလည်း နာဂစ်ဒုက္ခသည်တွေကို ပေးမယ့် အကူအညီတွေကို စစ်အစိုးရက လက်မခံတဲ့ အတွက် ၀င်ရောက် ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ဖူးကြောင်း စာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013