ရုတ်တရက် နှလုံးရောဂါ ခံစားခဲ့ရသည့် ပင်လယ်ပြင်မှ ငါးဖမ်းသမားကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပင်လယ်ပြင်ထဲ ရုတ်တရက် နှလုံးရောဂါထလာသည့် ငါးဖမ်းသမားတဦးကို ကယ်ဆယ်ရေးသမားတွေက ကယ်တင်ခဲ့ကြပါတယ်။ အဲဒီငါးဖမ်းသမားဟာ တောင်တရုတ်ပင်လယ်ပြင်တွင်း ရှိနေစဉ် ရုတ်တရက် နှလုံးရောဂါဝဒနာ ခံစားခဲ့ရချိန်မှာ အရေးပေါ် အကူအညီ တောင်းခံခဲ့ရတာပါ။ ကယ်ဆယ်ရေးအဖွဲ့ဟာ အဲဒီသတင်း ရပြီးပြီးချင်းပဲ ပင်လယ်တွင်းက ငါးဖမ်းသမားကို ရဟတ်ယာဉ်အသုံးပြု ကယ်တင်ခဲ့တာကို စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဲဒီငါးဖမ်းသမားကို တရုတ်နိုင်ငံတောင်ပိုင်း ဆန်ညာမြို့က ဆေးရုံတရုံဆီ ပို့ဆောင်ပေးခဲ့ရပြီး လက်ရှိမှာတော့ စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။

More News
Up