ဘုရားဖူးယာဉ် တိမ်းမှောက်၊ အမျိုးသမီး ၁ ဦးသေဆုံး ၂၂ ဦး ဒဏ်ရာရ

2.7K
ပဲခူးတိုင်း ပြည်မြို့အနောက်ဖက်ကမ်း ဖိုးဦးတောင်အတက် ဘုရားတောင်လမ်းမှာ ဘုရားဖူးကား တစီး ဒီနေ့ မနက် ၂ နာရီထိုးခန့်က တိမ်းမှောက်ခဲ့ပါတယ်။ ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၁ ယောက်သေဆုံးပြီး ခရီးသည် ၂၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရှိခဲ့တဲ့ ခရီးသည်တွေကို ပြည်ဆေးရုံကြီးမှာ တင်ထားရပြီး ယာဉ်မောင်း တိမ်းရှောင်ထွက်ပြေးနေတာကြောင့် ယဉ်မောင်း မောင်ဇော်ကို ပန်းတောင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရှိရပါတယ်။
(သတင်းဓာတ်ပုံ - မင်းညို)