နိုင်ငံတော်အကြီးအကဲကိုသရော်သူ ကြက်ဖကြီးကို တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေး
DVB
·
February 24, 2016

ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကွန်ပြုတာပြုလုပ်ချက်တွေကို အသုံးပြုပြီး နိုင်ငံတော် အကြီးအကဲတွေကို လှောင်ပြောင်သရော်နေသူ ကြက်ဖကြီးလို့ သံသယရှိနေတဲ့ ကိုလှဖုန်းကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဒီနေ့ တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေး ပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညက မရမ်းကုန်မြို့နယ်နေအိမ်မှာ ဧည့်စာရင်းဝင်ရောက် စစ်ဆေးရင်း အဖမ်းခံခဲ့ရတာဖြစ်ပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
(ဓာတ်ပုံ- ဟိန်းကို)