မြန်မာနိုင်ငံ ပြည်တွင်း ဒေးဒရဲမြို့အနီး ငလျင်လှုပ်

မြန်မာနိုင်ငံ ပြည်တွင်း ဒေးဒရဲမြို့အနီးမှာ အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၄ အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက် မနက် မြန်မာစံတော်ချိန် ၇ နာရီ ၄၂ မိနစ် ၂၀ စက္ကန့်အချိန်မှာ  ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၈ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း ဒေးဒရဲမြို့၏ တောင်-အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ ဆိုပါတယ်။ ငလျင်လှုပ်ခတ်မှုကို ဒီကနေ့မနက်က ရန်ကုန်မြို့ခံတွေကလည်း သိသိသာသာ သိရှိခံစားခဲ့ရတယ်လို့ ပြောပါတယ်။

More News
Up