Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေ ရုတ်တရက်တိုးလာ၊ လှေသင်္ဘောနှင့် သဲသောင်ပေါ်နေသူများကို သတိပေး
DVB
·
February 23, 2016
ဧရာဝတီမြစ်ရေ ရုတ်တရက် တက်လာတာကြောင့် မြစ်ကြောင်းအတွင်းသွားလာနေကြတဲ့ လှေ၊ သင်္ဘောတွေနဲ့ သဲသောင်ခုံတွေပေါ်မှာ စိုက်ပျိုးနေထိုင်ကြသူတွေ သတိထားကြဖို့ မိုးဇလဌာနက တိုက်တွန်းလိုက်ပါတယ်။ မိုးဇလဌာနရဲ့ ဖေဖော်ဝါရီ ၂၂ရက် ထူုးခြားမြစ်ရေ အခြေနေ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ၃၄၆ စင်တီမီတာသို့ ရောက်ရှိပြီး ၁၀ နာရီအတွင်း ၇ပေခန့်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ မြစ်ရေဟာ  နောက် ၂ ရက် ၃ ရက်အတွင်း ဗန်းမော်နဲ့ ကသာမြို့မှာ ၅ ပေ မှ ၆ ပေခန့်၊  ၄ ရက်မှ ၆ ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူနဲ့  ညောင်ဦးမြို့တွေမှာ ၄ ပေမှ ၅ ပေခန့်၊  နောက် ၇ ရက်မှ ၁၂ ရက်အတွင်း ချောက်၊မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့မှာ ၃ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်အထက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြစ်ကြီးနားမှာ မြစ်ရေအမြင့်ဆုံးအနေနဲ့ ဖေဖော်ဝါရီ ၂၂ရက် ည ၉ နာရီခွဲမှာ ၅၀၉ စင်တီမီတာ အထိအမြင့်ဆုံးမြင့်တက်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ၂၃ရက်မှာ  မြစ်ရေပြန်ကျနေပါတယ်။ ကချင်ပြည်နယ်တာဝန်ခံ မိုးဇလဌာနလက်ထောက်ညွန့်ကြားရေးမှူး ဦးတင်ထိုက်ကတော့ ဒီနှစ်မြစ်ကြီးနားမြစ်ရေတက်တာဟာ ခါတိုင်းနှစ်ထက်တက်ပေမယ့် စိုးရိမ်စရာမရှိတဲ့ အကြောင်း မြောက်ဖျားမှာမိုးရွာလို့မလိခမြစ်ရေနဲ့ ပေါင်းပြီး ရေတက်လာတယ်လို့ပြော ပါတယ်။ ပြီးခဲ့တဲ့ နှစ်ဒီအချိန်ဒီကာလက မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေဟာ ၂၀၀ စင်တီမီတာလောက် အထိ မြင့်တက်ခဲ့ဖူးပါတယ်။ သတင်းဓာတ်ပုံ- သင်းသင်းနွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024