မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်း
ကျော်ဇေဝင်း
·
February 23, 2016
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union) ပြန်လည်ဖွဲ့စည်းရေးနဲ့ပတ်သတ်ပြီး ညှိနှိုင်းအစည်းအဝေးကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲက နေပြည်တော်အဆောက်အအုံရှိ ဇမ္ဗူသီရိ အစည်းဆောင်ရှိအစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။
အခုညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၊ တိုင်းနှင့်ပြည်နယ် ၁၄ ခုက လွှတ်တော်ဥက္ကဋ္ဌတွေ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) ဖွဲ့စည်းရေးနှင့်ပတ်သတ်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။