DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရန် ဆင့်ခေါ်
DVB
·
August 3, 2011
လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရန် ဆင့်ခေါ်
Donate to DVB

လာမယ့် ၂၂ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ ခေါ်ယူထားတဲ့ လွှတ်တော်အစည်းအဝေး တွေအတွက် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နေပြည်တော်ကို ဒီလ ၁၉ ရက်နေ့အရောက် လာကြဖို့ လွှတ်တော်ရုံးတွေက ဆင့်ခေါ်ထားပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အစည်းအဝေးတွေအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေပြုလုပ်နိုင်ဖို့အတွက် ဖိတ်စာလက်ခံ ရရှိသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ်စားလှယ် အသိအမှတ်ပြုလွှာနဲ့ ကိုယ်စားလှယ်စိစစ်ရေးကတ်ပြားတွေကို ယူဆောင်လာကြဖို့ လွှတ်တော်ရုံးတွေက ဆင့်ခေါ်ထားတာလည်းဖြစ်ပါတယ်။

ဒီလိုဆင့်ခေါ်လိုက်တာနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က အခုလိုဆိုပါတယ်။

“ချင်းပြည်တို့ ကချင်ပြည်နယ်တို့အတွက် သူတို့ကြေညာချက် ထည့်ပေးမှ ရမှာပေါ့။ အဓိက ကျနော်တို့မှာ ဆက်သွယ်ရေးနဲ့ ပတ်သက်လို့တော့ နေရာတိုင်း အခက်အခဲတွေ ရှိပါတယ်။ အဲဒီအတွက် ကိုယ့်မြို့နယ်တွေအတွက် ကြိုပြီးလုပ်ပါ။ သူတို့လည်း နားလည်ပါတယ်။ အခုဟာက ၁၈ ရက်နေ့ထက် မစော၊ ၁၉ ရက်နေ့ထက် နောက်မကျဘဲ သူတို့ကြိုတင် စီစဉ်စရာတွေ ရှိတဲ့အတွက် ၁၈ရက်နဲ့ ၁၉ရက်ကြားကို ရောက်အောင်လာပါလို့ ပြောတာပေါ့။ အဲဒီမှာ သူတို့ရောက်ရင် စာရင်းပေးတာတို့၊ ပြန်ပြီး ခရီးစရိတ်ထုတ်ပေးတာတို့ အဲဒါတွေလည်း ရှိတာကို။”

အခုခေါ်ယူထားတဲ့ ဒုတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးတွေဟာ အစိုးရသစ်လက်ထက် ပထမဆုံးခေါ်ယူလာတဲ့ လွှတ်တော် အစည်းအဝေးတွေဖြစ်ပါတယ်။

ဒီအရင် လွှတ်တော်အစည်းကိုတော့ နအဖစစ်ကောင်စီက ၂၂ နှစ်တာကာလအတွင်း ၂၀၁၀ ရွေးကောက်ပွဲရလဒ်နဲ့ ခေါ်ယူပေးခဲ့ပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းခဲ့ပါတယ်။

အဲ့ဒီ လွှတ်တော် အစည်းအဝေးတွေမှာတော့ ဒီမိုကရက်တစ် အင်အားစု လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ အဆိုအဆိုတွေကို လွှတ်တော်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေဘက်က ပယ်ချတာတွေ အများအပြားရှိခဲ့ပါတယ်။ ဒီတကြိမ်လွှတ်တော် အစည်းအဝေးတွေမှာရော အဲ့ဒီလိုမျိုးတွေပဲ ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013