DVB Logo
Home
မြန်မာသတင်း
သမ္မတစီးပွားရေး အကြံပေး ဦးမြင့် NDF ပါတီမှာ သင်တန်းပေး
DVB
·
August 3, 2011
Donate to DVB

သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် စီးပွားရေးပညာရှင် ဦးမြင့်က အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ဖွင့်လှစ်နေတဲ့ သင်တန်းမှာ ဒီကနေ့ ဟောပြော ပို့ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_13649" align="alignright" width="171" caption="ဦးခင်မောင်ဆွေ"][/caption]

စီးပွားရေး ပညာရပ်တွေ အပါအ၀င် အကျင့်ပျက် ချစားမှုတွေနဲ့ပတ်သက်ပြီး ဦးမြင့်က အဓိကထား ပြောကြားခဲ့တယ်လို့ NDF ပါတီရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ဦးမြင်ကတော့ စီးပွားရေးဘာသာရပ်ကို ဒီနေ့မနက် လာပြီးပြောပါတယ်။ ၉ နာရီကနေ ၁၂ နာရီပေါ့။ ဒီနေ့တက်တဲ့လူကတော့ ၄၀ နီးပါးလောက် ရှိပါတယ်။ ပြန်လှန်မေးခွန်းမေးတဲ့ လူတွေရှိပါတယ်။ ပြင်ပက တသီးပုဂ္ဂလ အမတ်လောင်းတွေလည်း လာတက်သွားသလို ပါတီအဟောင်းက လူဟောင်းတွေလည်း လာတက်သွားတာ ရှိပါတယ်။ ဒီနေ့မနက်မှာတော့ ဦးမြင့်က သူ့ရဲ့ အကျင့်ပျက်ချစားမှုနဲ့ပတ်သက်တဲ့ဟာ အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ပြီးတော့ ညနေပိုင်းမှာ ကျနော်က စီးပွားရေးနဲ့ ပတ်သက်တဲ့ မိတ်ဆက် ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း စီးပွားရေးပညာရှင် ဦးမြင့်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ အလားတူ ဟောပြောဖို့ စီစဉ်ခဲ့ပေမယ့်လည်း အကြောင်း အကြောင်းတွေကြောင့် အစီအစဉ် ပျက်ခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကနေ ပါတီဝင်တွေအပါအ၀င် နိုင်ငံရေးဝါသနာပါတဲ့ လူငယ်တွေအတွက် အရည်အသွင်းမြှင့်တင်တဲ့အနေ နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သတင်းစာပညာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေကို ဒီလ ၁ ရက်နေ့ကနေ စတင်ပြီး ၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချနေတာလဲ ဖြစ်ပါတယ်။

ဒီလိုပို့ချပေးရတဲ့ ရည်ရွယ်ချက်ကိုလည်း ဦးခင်မောင်ဆွေက “နိုင်ငံရေး ကိုယ်ခံအား မြှင့်တင်ပေးတဲ့ သဘောပါပဲ။ နိုင်သလောက် စွမ်းဆောင်ပေးတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံရေး ပုံသဏ္ဌာန် ပြောင်းသွားပြီလေ။ အခုဟာက စစ်အုပ်ချုပ်ရေး ကာလလည်း မဟုတ်တော့ဘူး။ အားပြိုင်နိုင်ငံရေး ခွင်ထဲက ထွက်သွားပြီးတော့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးဆိုတဲ့ လမ်းကြောင်းကို ရောက်သွားတဲ့အခါမှာ နိုင်ငံရေး ယဉ်ကျေးမှု ပြောင်းသွားတာနဲ့အမျှ ကျနော်တို့ရဲ့ အယူအဆ အတွေးအခေါ် တတ်ကျွမ်းမှု၊ နိုင်ငံရေးဆိုတဲ့ဟာ ဘာဆိုတာကို အားလုံးသိထားရမယ်။ သိထားခြင်းအားဖြင့် အသေးစိတ် ပြည်သူတွေ ကိုယ်တိုင် ဖန်တီးတဲ့ နိုင်ငံရေး တခုကနေ နိုင်ငံတော်တခုကို ပြည်သူ့အင်အားနဲ့ တည်ဆောက်နိုင်အောင် ဆိုတဲ့ လမ်းကြောင်းကို လျှောက်လှမ်းဖို့အတွက် နိုင်ငံရေး တခေတ်မှာ လှမ်းသစ်ရမယ့် လမ်းကြောင်းတွေကို ထွင်နေတာ ဖြစ်ပါတယ်။”

လက်ရှိအခြေအနေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီအသီးသီးနဲ့ အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေ သူ့ပါတီဝင်တွေကို အရည်သွေးမြှင့်တင်မှု သင်တန်းတွေကို ပေးနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013