မြန်မာအမျိုးသမီး ၃ ဦး ဂျပန်အလုပ်သမားဥပဒေအရ ဖမ်းဆီးခံရ

ဒုက္ခသည်အဖြစ် လျှောက်ထားသူ မြန်မာအမျိုးသမီး ၂ ဦးနဲ့ အလုပ်လက်ခံသွင်းပေးသူ အသက် ၄၈ နှစ်အရွယ် မြန်မာအမျိုးသမီးနဲ့ ဆိုင်တာဝန်ခံ ဟီရိုဆဲ့ ယူဂျီ စံ ၄၂ နှစ် စုစုပေါင်း ၄ ဦးကို တရားမ၀င် အလုပ်လုပ်မှု၊ ခိုင်းစေမှုတို့နဲ့ ဆိုင်တမ ခရိုင်အတွင်းက ထမင်းဘူးဆိုင်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဂျပန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အလုပ်လုပ်ခွင့် မရှိသေးချိန် ၂၀၁၅ ခုနှစ် ၁၁ လ ပိုင်းကစလို့ အခုလအထိ အဆိုပါ ဆိုင်မှာ အလုပ်လုပ်ကိုင်စေခဲ့တာဖြစ်ပြီး ဂျပန်လ၀ကဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆိုပါတယ်။ အခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှ အလုပ်သင်ဗီဇာနဲ့ အများအပြား ဂျပန်နိုင်ငံသို့ ၀င်ရောက်ခဲ့ ကြပြီး လစာနည်းပြီး အလုပ်ရှင်မှ လူ့အခွင့်အရေးချိုးဖောက်တာတွေကြာင့် ဒုက္ခသည်အဖြစ် လျှောက်ထားသူ ထောင်ချီရှိနေတယ်လို့ သိရှိရပါတယ်။ ဂျပန်လ၀က ဥပဒေအရ ဒုက္ခသည်အဖြစ် စတင်လျှောက်ထားချိန်မှ ၆ လအတွင်း အလုပ်လုပ်ကိုင်ခွင့် မရှိပါဘူး။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ကလည်း အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၃ ဦးကို လဝကဥပဒေ ချိုးဖောက်တဲ့ သံသယရှိမှုနဲ့ ဖမ်းဆီးခဲ့ပါသေးတယ်။ မြန်မာနိုင်ငံသား ရာနဲ့ချီပြီး တိုကျိုလ၀က ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up