အသက် ၁၀၆ နှစ်အရွယ် အဖွားအိုနှင့် အတူတွဲကသည့် သမ္မတ အိုဘားမား (ရုပ်သံ)

အမေရိကန်သမ္မတ အိုဘားမားနဲ့ ဇနီးဖြစ်သူ မီရှဲလ်အိုဘားမားတို့အနေနဲ့ ပါတီပွဲမှာ လှုပ်ရှားကခုန်တာဟာ သိပ်စိမ်းတဲ့ ဖြစ်ရပ်တခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခုသီတင်းပတ်အတွင်း သမ္မတအိမ်ဖြူတော်ကို လာရောက်လည်ပတ်တဲ့ အသက် ၁၀၆ နှစ်အရွယ် အဖွားအိုနဲ့အတူ တွဲကတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကတော့ ပိုထင်ရှား ပေါ်လွင်တဲ့ ဖြစ်ရပ်တခုပါပဲ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ အိမ်ဖြူတော်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခံရတဲ့ အဖွားအို ဗာဂျီးနီးယား မက်က်လောရင်းဟာ သမ္မတနဲ့ တွေ့ဆုံနှုတ်ဆက်ချိန်မှာ ၀မ်းသာလွန်းတဲ့အတွက် အတူတွဲကာ လှုပ်ရှားကခုန်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို သမ္မတရုံးက မျှဝေခဲ့တာပါ။ မက်က်လောရင်းဟာ လူမည်းသမိုင်းဆိုင်ရာ အောက်မေ့ဖွယ်ပွဲတော်အတွက် သမ္မတအိမ်ဖြူတော်ကို ဖိတ်ကြားခံခဲ့ရတာပါ။ “ကျမ အိမ်ဖြူတော်ထဲမှာ ရှိနေရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားမိခဲ့ဘူး။ လူမည်းသမ္မတ၊ လူမည်းသမ္မတကတော်၊ လူမည်းသမိုင်းဆိုင်ရာ ပွဲတော်အတွက် ရှိနေခွင့်ရလို့ ကျမ ပျော်ပါတယ်” လို့ သမ္မတအိုဘားမားကို ကြည့်ပြီး ပြောခဲ့ပါတယ်။ မက်က်လောရင်းဟာ ၀ါရှင်တန်ဒီစီမှာ နေထိုင်သူတဦးဖြစ်ကာ ကနေစဉ်အတွင်း အိုဘားမားက ဖြည်းဖြည်းချင်း ကခုန်ဖို့ ပြောခဲ့တာကို ဂရုမစိုက်ခဲ့ဘဲ ဆက်ကနေခဲ့တာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up