Live
Home
မြန်မာသတင်း
မြူများအုံ့ဆိုင်းနေ၍ လေကြောင်း၊ ရေကြောင်း ခရီးများ နှောင့်နှေး
ပိုင်စိုး
·
February 22, 2016
ရန်ကုန်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစလို့ မြူတွေ ကျနေခဲ့ပြီး မြစ်တွေထဲမှာလည်း မြူတွေ ပိတ်နေတာကြောင့် မြစ်ကြောင်းသွား သင်္ဘောတွေ ခရီးကြန့်ကြာနေပါတယ်။ “ည ၂ နာရီလောက်မှာ နှင်းတွေနဲ့ ပိတ်နေလို့ နားနေရတယ်။ ၃ နာရီခွဲလောက်မှာ ထမောင်းတယ်။ အဲဒါမှာ လမ်းမှားသွားလို့ နားနေရပြန်ရော။ မနက် ၈ နာရီလောက်မှ မောင်းလာတာ ခု ၁၀ နာရီကျော်မှ ရောက်တယ်။ ခါတိုင်းဆိုရင်တော့ မနက် ၃ နာရီ၊ ၄ နာရီ ဆိုရင်တော့ ရောက်နေပြီပေါ့” လို့ မော်လမြိုင်ကျွန်းမြို့က ရန်ကုန်ကိုလာတဲ့ ကိုထိန်လင်းအောင်က ပြောပါတယ်။ သင်္ဘောနဲ့သယ်ဆောင်တဲ့ကုန်တွေ နောက်ကျတာတွေ ရှိပေမယ့် အခက်အခဲ ကြီးကြီးမားမားမရှိဘဲ ဈေးကွက်အပေါ်မှာ မထိခိုက်ပါဘူးလို့ ကုန်သည်တချို့က ဆိုပါတယ်။ ရန်ကုန်မြစ် တဘက်ကမ်းကို ကူးနေတဲ့ သမ္ဗာန်တွေကိုလည်း ညပိုင်းမှာ ရပ်နားထားခဲ့ရတာပါ။ “မနက် ၁ နာရီမှာပဲ ဆွဲတာကို ပိတ်လိုက်ရတယ်။ ဘာမှ မမြင်ရတော့ဘူးလေ။ ခု မနက် ၇ နာရီမှ ပြန်ဖွင့်တာ” လို့ ရန်ကုန်တဘက်ကမ်း ကမာကသွယ်နဲ့ စဥ့်အိုးတန်းဆိပ်ကမ်းကို သမ္ဗာန်ပြေးဆွဲနေတဲ့ ကိုမိုးကျော်ထက်က ပြောပါတယ်။ မြူတွေကြောင့် လေယာဉ်အတက်အဆင်းတွေ ခက်ခဲနေပြီး လေကြောင်းရီးစဉ်တွေလည်း နှောင့်နှေးနေတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024