ကျားပေါက်ကလေးနှင့်ဆော့ကစားရင်း သားကောင်ပမာဖြစ်ခဲ့ရသည့် အမျိုးသမီး (ရုပ်သံ)

8.1K
ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရုရှားနိုင်ငံ၊ အူဆရိခ်မြို့မှ တိရစ္ဆာန်ဥယျာဉ်တခုထဲကို လာရောက်လည်ပတ်တဲ့ အမျိုးသမီးတဦးဟာ ၆ လသား ကျားပေါက်ကလေးနဲ့ ပျော်ရွှင်စွာ ဆော့ကစားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို မှတ်တမ်းတင်ခဲ့တယ်လို့ ယူပီအိုင်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ကက်ထရီနာဒူလိုဗာအမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ အင်စတာဂရမ်အင်တာနက်စာမျက်နှာပေါ်မှာ “တိရစ္ဆာန်ရုံသို့ခရီး သို့မဟုတ် ချစ်စရာ ကျားပေါက်ကလေးရဲ့ သားကောင်ဘ၀ကို ရောက်ရှိခဲ့ပုံ”လို့ ခေါင်းစဉ်တပ်ပြီး တင်ခဲ့တာပါ။
ခရစ်စတယ်လို့အမည်ပေးထားတဲ့ ကျားပေါက်ကလေးနဲ့ ဆော့ကစားနေတုန်းမှာ သူ့ကိုတွန်းလှဲခုန်အုပ်ဖို့ ကြိုးစားချိန်မှာ အော်ဟစ်ခဲ့တာကို ရုပ်သံဗွီဒီယိုထဲမှာ တွေ့ရပါ တယ်။
ကက်ထရီနာက “ခရစ်စတယ်ဟာ အရမ်းအဆော့သန်ပြီး ရယ်စရာကောင်းပါ တယ်”လို့ ပြောပါတယ်။