၆၂ နိုင်ငံက မင်္ဂလာစုံတွဲ ၃၀၀၀ လက်ထပ်ပွဲ (ရုပ်သံ)

တောင်ကိုရီးယား နိုင်ငမှာ ရှိတဲ့ ခရစ်ယာန် ဘုရားရှိုခိုးကျောင်းတခုမှာ  မင်္ဂလာစုံတွဲ ထောင်နဲ့ချီပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထိမ်းမြား လက်ထပ်မင်္ဂလာ အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်။ မြို့တော် ဆိုးလ်ကနေ မိုင် ၅၀ အကွာမှာ ရှိတဲ့ မြို့ငယ်လေးတမြို့က ဘုရားရှိခိုးကျောင်းမှာ ၆၂ နိုင်ငံက မင်္ဂလာစုံတွဲ ၃၀၀၀ တပြိုင်တည်း လက်ထပ်ကြတာပါ။ အစီအစဉ်မှာ ပါဝင်ကြတဲ့ စုံတွဲတွေထဲက ၁၀၀၀ က ကြင်စဦး ဇနီးမောင်နှံ ဖြစ်ပြီး ၂၀၀၀ ကတာ့ အရင်က မင်္ဂလာဆောင်ပြီးသား ဖြစ်ပေမယ့်၊ နောက်ပိုင်းကျတော့မှ ခရစ်ယာန်ဘာသာကို ကူးပြောင်းခဲ့တာကြောင့် အခုမှ  ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ မင်္ဂလာ အခမ်းအနား ပြန်လည် ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီဘုရားကျောင်းမှာ ၁၉၆၀ ပြည့်လွန် နှစ်တွေကတည်းက အခုလို စုပေါင်း မင်္ဂလာဆောင်တဲ့ အစီအစဉ်တွေကို ပြုလုပ်လာတာပါ။ ဘုရားကျောင်းကို ထူထောင်ခဲ့သူ သင်းအုပ်ဆရာဟာ  ၂၀၁၂ ခုနှစ်က အသက် ၉၂ နှစ်အရွယ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီ မတိုင်ခင်မှာ အငြင်းပွားဖွယ် လူတယောက် ဖြစ်ခဲ့ပြီး အခွန်တိမ်းရှောင်မှုနဲ့ အမေရိကန် ပြည်ထောင်စုမှာ ထောင်ချခံခဲ့ရဖူးပါတယ်။

More News
Up