တရုတ်ရှေးဟောင်း အဆောက်အအုံနယ်မြေ မီးလောင် (ရုပ်သံ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ဂွမ်ကျိုးခရိုင်ထဲမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က မီးလောင်ကျွမ်းမှု အကြီးအကျယ်ဖြစ်ခဲ့ပြီး အဆောက်အအုံ ၆၀ လောက်ပျက်စီးခဲ့ပါတယ်။ အဆိုပါခရိုင်ထဲက ၀မ်ကွမ်းကျေးရွာမှာ ဒေသစံတော်ချိန် ညနေ ၆ နာရီလောက်က မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဒေသခံ ၁၂၀ လောက်ကို အကျိုးသက်ရောက်စေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်မှာ တဲတွေ၊ တိုက်တာအဆောက်အအုံတွေကို မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တာ တွေ့ရပြီး ထိခိုက်ဒဏ်ရာရသူတဦးမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီဒေသဟာ ရိုးရာယဉ်ကျေးမှုအဆောက်အအုံတွေများစွာရှိတဲ့ ဒေသငယ်တခု ဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up