A d v e r t i s e m e n t With Us

ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရတပ် တလအတွင်း​ တိုက်ပွဲ အကြိမ် ၃၀ ​ကျော်ဖြစ်ပွား

ဓာတ်ပံု - အက်စ်အက်စ်​ေအ/အက်စ်အက်စ်ပီပီ
ဌာ​နေပြည်သူ့​စစ် အသွင်​ပြောင်း​ဖို့​ ငြင်း​ဆန်ခဲ့​တဲ့​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ ရှမ်း​ပြည်တပ်မ​တော်ကို အစိုး​ရတပ်က ထိုစစ်ဆင်​နေတာ ဇူလိုင်လထဲမှာ တိုက်ပွဲ​ပေါင်း​ ၃၀ ​ကျော် ဖြစ်ပွား​ခဲ့​ပါတယ်။ [caption id="attachment_13624" align="alignleft" width="310" caption="ဓာတ်ပုံ - အက်စ်အက်စ်​အေ/အက်စ်အက်စ်ပီပီ"][/caption] လွန်ခဲ့​တဲ့ မတ်လ ၁၃ ရက်​နေ့​ကစပြီး​ ဩဂုတ် ၂ ရက်​နေ့​အထိ တိုက်ပွဲ​တွေ ၄ လ​ကျော် ဖြစ်ပွား​ခဲ့​ရာမှာ ဇူလိုင်လထဲမှာ အကြိမ်​ပေါင်း​ ၃၀ ​ကျော် မြို့​နယ် ၅ ခုထဲမှာ ဖြစ်ပွား​ခဲ့​ပြီး ကျေး​သီး​မြို့​နယ်ထဲမှာ ဖြစ်ပွား​ခဲ့​တဲ့​ တိုက်ပွဲက​တော့​ အပြင်း​ထန်ဆုံး​၊​ ကျဆုံး​မှု​တွေ အများ​ဆုံး​ပဲလို့​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ ​ပြောခွင့်​ရ ဗိုလ်မှူး​ကြီး​စိုင်း​လက ခုလို ​ပြောပါတယ်။ “ဒီတိုက်ပွဲကြီး​မှာ​တော့​ အစိုး​ရတပ်ဘက်က ဒဏ်ရာရတာ ၂၀၀ ဝန်း​ကျင်​လောက် ဖြစ်တယ်။ ကျဆုံး​စာရင်း​က ၁၀၀ ​လောက်ရှိတယ်။ တပ်ကထွက်​ပြေး​တာက ၆၀ ​လောက်ရှိတယ်။ ကျဆုံး​စာရင်း​က​တော့​ ထွက်​ပြေး​လာတဲ့​ သူ​တွေရဲ့​ ​ပြောပြချက်အရပါ။ ကျ​နော်တို့​ဘက်က ၂ ဦး​သေဆုံး​ပြီး​ ၂၀ ​ကျော် ဒဏ်ရာရခဲ့​ပါတယ်။ ကျ​နော်တို့​ ဗုံး​ကျင်း​ထား​တဲ့​နေရာ​တွေ၊​ ကျ​နော်တို့​ ​နေရာယူထား​တဲ့​နေရာ​တွေကို အတင်း​တက်တိုက်တယ်ဆို​တော့​ သူတို့​ပဲ အထိနာတယ်​လေ။” ရှမ်း​ပြည်တပ်မ​တော် ဝမ့်​ဟိုင်း​ဌာနချုပ်ကို တပတ်အတွင်း​ အရသိမ်း​ပိုက်ဖို့​ စစ်တိုင်း​ချုပ် ဗိုလ်ချုပ်​အောင်သန်း​ထွဋ်က ပြီး​ခဲ့​တဲ့​ ဇူလိုင် ၁၆ ရက်​နေ့​က အမိန့်​ထုတ်ထား​ပေမယ့်​လည်း​ ဝမ့်​ဟိုင်း​ကို ဝိုင်း​ရံ​နေရာယူထား​ကြတဲ့​ အစိုး​ရတပ်ရင်း​ ၁၄ ရင်း​လောက်ဟာ ဇူလိုင် ၂၈ ရက်​နေ့​ကစပြီး​ တပ်ပြန်ရုပ်သိမ်း​နေပါတယ်။ ဩဂုတ် ၁ ရက်​နေ့​မှာ တပ်ရင်း​ ၅ ရင်း​လောက်ပဲ ကျန်ရှိပြီး​ ဒီလိုတပ်ဆုတ်သွား​ရတဲ့​ အ​ကြောင်း​ရင်း​ကို ​သေချာမသိရ​ပေမယ့်​လည်း​ ဒီလထဲက စစ်ဆင်​ရေး​မှာ အစိုး​ရတပ် ထိခိုက်ကျဆုံး​တာ အလွန်များ​တဲ့​အတွက် စစ်​ရေး​ဗျူဟာ ​ပြောင်း​ဖို့​ဖြစ်နိုင်တယ်လို့​ ဆိုပါတယ်။ ရှမ်း​ပြည်တပ်မ​တော်ဘက်က​တော့​ ကိုယ့်​ကိုယ်ကိုယ် ကာကွယ်ဖို့​ သတိနဲ့​ အမြဲအသင့်​ပြင်ထား​တယ်လို့​ ဗိုလ်မှူး​စိုင်း​လက ပြောပါတယ်။ ဝမ့်​ဟိုင်း​ဌာနချုပ်ဘက်မှာ အစိုး​ရက တပ်ဆုတ်​နေ​ပေမယ့်​ ယမန်​နေ့​က သီ​ပေါမြို့​နယ် ပုံလျန်း​ရွာ နဲ့​ ဝမ့်​မိုင်​နောင်တုံရွာ၊​ လား​ရှိုး​-မိုင်း​ရယ်သွား​ ကား​လမ်း​ပေါ်မှာ ချုံခိုတိုက်ပွဲငယ်​လေး​တွေ ထပ်ဖြစ်​နေကာ ရွာသား​တွေလည်း​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်ခံ​နေရပါတယ်။ ပြီး​ခဲ့​တဲ့​ တပတ်က ​ကျေး​သီး​မြို့​နယ်ထဲက ရွာသား​ ၂ ဦး​၊​ သီ​ပေါမြို့​နယ်ထဲက ရွာသား​တဦး​ကို ရှမ်း​တပ်မ​တော်ကလို့​ စွပ်စွဲပြီး​ အစိုး​ရတပ်က ဖမ်း​ခေါ်သွား​ခဲ့​သလို ​ကျေး​သီး​မြို့​နယ် ခိုထွန်ရွာက အိမ်တလုံး​ မီး​ရှို့​ဖျက်ဆီး​ခံခဲ့​ရပါတယ်။ တန်ယန်း​မြို့​နယ် ရွာသုံး​ရွာက ရွာသား​ ၄၁ ဦး​ ​ပေါ်တာဆွဲခံခဲ့​ရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ ကျေး​သီး​မြို့​နယ်ထဲမှာဖြစ်ပွား​ခဲ့​တဲ့​ တိုက်ပွဲ​ကြောင့်​ ရွာ​ပေါင်း​ ၂၀ ​လောက်က ရွာသား​တွေ ​ဘေး​လွတ်ရာမှာ တိမ်း​ရှောင် ခို​အောင်း​ခဲ့​ရာက အခုဆို တချို့​တွေ အိမ်ပြန်လာကြပြီဖြစ်ပြီး​ ပိတ်ထား​ရတဲ့​ စာသင်​ကျောင်း​ ၁၅ ​ကျောင်း​ထဲက ဝမ်ဟိုင်း​နဲ့​ အလှမ်း​ဝေး​တဲ့​ရွာက စာသင်​ကျောင်း​တချို့​လည်း​ ပြန်ဖွင့်​နေပြီး​ ဝမ့်​ဟိုင်း​ကျောင်း​တော့​ မဖွင့်​သေး​ဘူး​လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။    

A d v e r t i s e m e n t With Us

More News
Up