ဖေဖော်ဝါရီ ၂၀ ရက်ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ အာဆင်နယ်နဲ့ ဟားစီးတီးတို့ ဂိုးမရှိ သရေကျသွားပါတယ်။
အာဆင်နယ်က ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ အိုဇေး၊ ဆန်းချက်နဲ့ ဂျီရှု့တို့ကို အနားပေးပြီး အရန်ကစားသမားတွေနဲ့ တွဲဖက်ယှဉ်ပြိုင်သွားပါတယ်။
အာဆင်နယ်က တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့် ၂၄ ကြိမ်အထိ ရခဲ့ပါတယ်။ ဟားစီးတီး ဂိုးသမား ဒီပွဲမှာ လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။
အာဆင်နယ် တိုက်စစ်မှူးတွေဖြစ်တဲ့ ၀ဲကော့နဲ့ ၀ဲဘက်တို့ရဲ့ ထိုးဖောက်မှုတွေကနေ ပင်နယ်တီ အခွင့်အရေးတွေ ရပေမယ့်လည်း အငြင်းပွာရာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဂိုးသွင်းခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဟားစီးတီး ဒီပွဲမှာ ခံစစ်ဦးစားပေးနဲ့ ယှဉ်ပြိုင်သွားတာပါ။
ဒီပွဲသရေကျလို့ အာဆင်နယ်ဟာ အဝေးကွင်းမှာ ဟားစီးတီးနဲ့ ပဉ္စမအဆင့်ပွဲစဉ်ကို ပြန်လည် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။