DVB Logo
Home
မြန်မာသတင်း
တရုတ်တွင် တရားမ၀င် သွားအလုပ်လုပ်မည့်သူ ၄၀ ကို မြောင်းမြတွင် ဖမ်းမိ
DVB
·
February 20, 2016
တရုတ်တွင် တရားမ၀င် သွားအလုပ်လုပ်မည့်သူ ၄၀ ကို မြောင်းမြတွင် ဖမ်းမိ
1 / 3
Donate to DVB

တရုတ်နိုင်ငံမှာ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်မယ့် လူအယောက် ၄၀ ကို အခကြေးငွေယူပြီး လိုက်ပါပို့ဆောင်သူ ၂ ဦးနဲ့ အတူ မြောင်းမြကြိုးတံတားမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က ကားတစ်စီးနဲ့ တင်ဆောင်လာတယ်ဆိုတဲ့ သတင်းရရှိတာကြောင့် မြောင်းမြကြိုးတံတားမှာ ရဲတပ်ဖွဲ့က စောင့်ဆိုင်းစစ်ဆေးစဉ် ဖမ်းဆီးရမိတာလို့ မြောင်းမြရဲစခန်းက ပြောပါတယ်။

မြောင်းမြနဲ့ လပွတ္တာမြို့အနီး ကျေးရွာတွေက အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား ၂၅ ဦးကို အိမ်မဲသား အမည်ပါ မှန်လုံယာဉ်နဲ့ မြောင်းမြကနေ မူဆယ်ကို မောင်းနှင်ထွက်ခွာလာစဉ် မြောင်းမြကြိုးတံတားမှာ ဖမ်းစီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီအယောက် ၄၀ က တရုတ်နိုင်ငံ ကျန်ရှီးပြည်နယ်မှာ ဂျီယန်းမြို့က ဆောင်းဘောက်စက်ရုံမှာ အလုပ်လုပ်ကိုင်လိုတယ်လို့ ပြောတာကြောင့် တဦးကို ငွေကျပ် သုံးသောင်းနှစ်ထောင် ရယူပြီး ဇော်သန့်ဇင်ဦး နဲ့ မစန္ဒာဆိုသူတို့က လိုက်ပါပို့ဆောင်ခဲ့တာလို့ စစ်ဆေးတွေ့ရှိကြောင်း မြောင်းမြ ရဲစခန်းမှူး ဒုရဲမှူး အောင်စိုးကပြောပါတယ်။

မြောင်းမြ ရဲစခန်းကတော့ ပြည်ပအကျိုးဆောင်လုပ်ငန်းလိုင်စင်မရှိဘဲ ငွေကြေးရယူပြီး လိုက်ပါပို့ဆောင်ဖို့ ကြိုးစားတယ်ဆိုတဲ့ ဇော်သန့်ဇင်ဦးနဲ့ မစန္ဒာ ဆိုသူတို့ကို (ပ)၄၃/၁၆ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဥပဒေပုဒ်မ ၂၆ အရ အမှုဖွင့်လှစ် စစ်ဆေးနေပါတယ်။

သတင်းဓာတ်ပုံ - သော်ဇင်မျိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013