မော်လမြိုင်တွင် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံဖွင့်လှစ် (ဓာတ်ပုံ)

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သဘာဝဓာတ်ငွေ့နဲ့ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံဖွင့်လှစ်ပွဲကို ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနဲ့ မြန်မာ့အလင်းရောင် Co.ltd တို့ လုပ်ကိုင်မယ့် ၂၃၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နဲ့စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံဖွင့်လှစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၁၃ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဒီနေ့ ဖွင့်လှစ်နိုင်ခဲ့တာပါ။ လျှပ်စစ်တွေကို မဟာဓာတ်အားလိုင်းကနေ သွယ်တန်းပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် တွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ ဓာတ်ပုံ - ကျော်စိုး  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up