Sunday, May 28, 2023
HomeLead Storyအစိုးရနှင့် အပစ်ရပ် လက်မှတ်မထိုးသေးသည့် တပ်ဖွဲ့များ တွေ့ဆုံဆွေးနွေးမည်

အစိုးရနှင့် အပစ်ရပ် လက်မှတ်မထိုးသေးသည့် တပ်ဖွဲ့များ တွေ့ဆုံဆွေးနွေးမည်

အစိုးရအနေနဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုင်းနိုင်ငံမှာ သွားရောက်တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။

ရန်ကုန်ငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး အဖွင့်စကားမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့လည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကို သွားပြီး လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အန်စီအေ (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) အဝန်းအဝိုင်းထဲ ပါလာဖို့ကို စုပေါင်းပြီး ကြိုးစားကြမှာ ဖြစ်ပါတယ်။ အခုတော့ အန်စီအေလည်း ထိုးပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေကလည်း စနေပြီဆိုတော့ သူတို့အနေနဲ့ပါဝင်လာနိုင်ဖို့ အချိန်ကောင်းလည်း ဖြစ်ပါတယ်။”

လတ်တလောမှာ အစိုးရနဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ချင်းမိုင်မှာ အစည်းအဝေးလုပ်နေကြပြီး ဦးအောင်မင်းတို့အဖွဲ့နဲ့ တွေ့ မတွေ့ကို အခုစည်းဝေးပွဲက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၀ ကျော်ရှိတဲ့အနက် တပ်ဖွဲ့ ၈ ခုနဲ့ အစိုးရဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၅ ရက်က အပစ်ရပ်လက်မှတ်ထိုးခဲ့ကြပါတယ်။

ဓာတ်ပုံ – ညိုအုန်းမြင့်

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular