လေပြင်းကြောင့် ခက်ခက်ခဲခဲ မြေပြင်ပေါ်ဆင်းသက်ရသည့် လေယာဉ် (ရုပ်သံ)

1.6K
ဗြိတိန် ဘာမင်ဂမ်လေဆိပ်မှာ ၁ နာရီကို မိုင် ၄၀ နှုန်း တိုက်ခတ်နေတဲ့ လေပြင်းကြောင့် ခရီးသည်တင် လေယာဉ်တစင်းဟာ ခက်ခက်ခဲခဲ လေဆိပ်ကို ဆင်းသက်ခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဘိုအင်း ၇၆၇ ခရီးသည်တင်လေယာဉ်ဟာ မြေပြင်ပေါ် ဆင်းသက်ဖို့ ကြိုးစားစဉ်မှာ လေပြင်းကြောင့် မတည်မငြိမ်ဖြစ်ခဲ့ရပြီး ပထမအကြိမ် ဆင်းသက်ဖို့ မအောင်မြင် ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် ဒုတိယအကြိမ် ဆင်းသက်ဖို့ ထပ်မံကြိုးစားခဲ့ပြီး ကျွမ်းကျင်တဲ့ လေယာဉ်မှူးတွေက လေယာဉ်ကို လုံခြုံစိတ်ချစွာ ထိန်းကြောင်းဆင်းသက်နိုင်ခဲ့ပါတယ်။
မြေပြင်ပေါ်ကို ဆင်းသက်စဉ်မှာတော့ လေယာဉ်ဟာ ပြေးလမ်းပေါ်ကို ဒုတ်ခနဲ့ ကျသွားပြီး မြေပြင်ပေါ်ဆင်းသက်တဲ့ ဂီယာကနေ မီးခိုးလုံးတွေ ထွက်လာခဲ့ပါတယ်။