DVB Logo
Home
မြန်မာသတင်း
၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အမှု အစိုး​ရသစ်ကို တင်ပြမည်
DVB
·
August 2, 2011
၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အမှု အစိုး​ရသစ်ကို တင်ပြမည်
Donate to DVB

နယ်​ဝေး​ထောင်​တွေမှာ နှစ်ရှည်​ထောင်ဒဏ်ကျခံ​နေရတဲ့​ ကိုမင်း​ကိုနိုင်နဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ ၉ ဦး​ လွတ်​မြောက်​ရေး​အတွက် ဥပ​ဒေ​ကြောင်း​အရ စီစဉ်​နေပါတယ်။

၂၀၀၈ ခုနှစ်တုန်း​က ​ထောင်ဒဏ် ၆၅ နှစ်ခွဲစီ ချမှတ်ခံထား​ရတဲ့​ ကိုမင်း​ကိုနိုင်နဲ့​ ၉ ဦး​ဟာ အမှုရင်ဆိုင်​နေတဲ့​ကာလမှာ သူတို့​ရဲ့​ အခွင့်​အ​ရေး​တွေ ဆုံး​ရှုံး​ခဲ့​တဲ့​အတွက် အခုလို စီစဉ် ရတာလို့​ ဦး​အောင်သိန်း​က ​ပြောပါတယ်။

“ရပိုင်ခွင့်​က​တော့​ သူတို့​ကို မတရား​ဖမ်း​ဆီး​ချုပ်​နှောင်ထား​မှုက အစဖြစ်ပြီး​ ပြစ်ဒဏ်​တွေ စီရင်လိုက်တာ​ပေါ့​။ အဲဒါ​တွေအ​ပေါ်မှာ သူတို့​ပြန်လည်သုံး​သပ်ပြီး​ စစ်​ဆေး​ချင်စစ်​ဆေး​ပေါ့​။ ဒါမှမဟုတ်လည်း​ အပြီး​အပြတ်လွှတ်​ပေါ့​။ ကျ​နော်တို့​ ဒါအ​ကြောင်း​ပြချက်​တွေနဲ့​ သွား​မှာ​ပေါ့​။”

ဒါဟာ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ​ဘောင်ထဲက လုပ်​ဆောင်တာဖြစ်ပြီး​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေနဲ့​ပတ်သက်လို့​ အစိုး​ရသစ်လက်ထက်မှာ ဥပ​ဒေ​ကြောင်း​အရ ပထမဆုံး​ ကြိုး​ပမ်း​မှုလို့​ ဦး​အောင်သိန်း​က ဆိုပါတယ်။

“ဒီအုပ်စုက နဂိုကတည်း​ကိုက ​ရှေ့​နေလည်း​ မပါဘူး​။ သူတို့​ကလည်း​ ဘာမှမ​မေး​ဘူး​။ ဘယ်အယူခံမှလည်း​ မတက်ဘူး​။ အဲဒါ​ကြောင့်​ ကျ​နော်တို့​က သူတို့​ရဲ့​ အခွင့်​အ​ရေး​ ဆုံး​ရှုံး​နေတယ်။ သူတို့​ဟာ မတရား​ဖမ်း​ဆီး​ ချုပ်​နှောင်ခြင်း​ ခံ​နေရတာ​တွေ ​ပေါ်​ပေါက်​နေတယ်။ အဲဒီက​နေ ပြစ်ဒဏ်ကျသွား​တယ်။ ​နောက်ပြီး​တော့​ သူတို့​မိသား​စု​တွေနဲ့​ အဆက်အသွယ်မရခဲ့​ဘူး​။ ​ရှေ့​နေ​ရှေ့​ရပ် ငှား​ရမ်း​ခွင့်​တွေ မရခဲ့​ဘူး​။ အဲဒါ​ကြောင့်​ ဒီအမှု​တွေကို Extract လုပ်ပြီး​တော့​ ဦး​စွာတင်​လျှောက်ကြည့်​မယ်။”

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း​က မအူပင်​ထောင်တွင်း​ တံခါး​ပိတ်ခုံရုံး​က​နေ နှစ်ရှည် ​ထောင်ဒဏ်ချမှတ်ခံလိုက်သည့်​ ၉ ဦး​အမှုတွဲမှာ ကိုမင်း​ကိုနိုင်၊​ ကိုကိုကြီး​၊​ ကိုပြုံး​ချို၊​ ကိုမြ​အေး​၊​ ကိုဥာဏ်လင်း​၊​ ကို​ဌေး​ကြွယ်၊​ ကိုလှမျိုး​နောင်၊​ ကို​အောင်သူ၊​ ကိုမျိုး​အောင်နိုင် တို့​ ပါဝင်ပါတယ်။

ဦး​သိန်း​စိန်အစိုး​ရက မြန်မာပြည်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေမရှိပါဘူး​လို့​ ငြင်း​ဆန် ​နေ​ပေမယ့်​ ကုလသမဂ္ဂနဲ့​ နိုင်ငံတကာအသိုင်း​အဝိုင်း​က ဖမ်း​ထား​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀၀ ဝန်း​ကျင်ကို အ​စောဆုံး​ ပြန်လွှတ်​ပေး​ဖို့​ အစဉ်တစိုက် ​တောင်း​ဆို​နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013